5 ရက် - ဘာသာပြန်ပါ။

❝ ငါတို့ခေတ်နှင့်အပြိုင် ❞
ဆရာမင်းကျော်သည် ဤဝတ္ထုကို
၁၉၄၅ ခုနှစ် မြန်မာနိုင်ငံအခြေအနေများမှ
စတင်၍ ၁၉၄၉-၅၀ အထိ နောက်ခံပြု
ရေးဖွဲ့ထားသည်။
စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေးပြဿနာများ အထွတ်အထိပ် ရောက်နေကြသည့်
ထိုကာလများမှ အမျိုးသားလွတ်မြောက်ရေး၊
နယ်ချဲ့ဆန့်ကျင်ရေး၊ လက်ဝဲညီညွတ်ရေး၊
ပြည်တွင်း ငြိမ်းချမ်းရေးစသည့်
ကြွေးကြော်သံများ ညံနေသည့်
ကာလများ အပါအဝင် ကုန်ဈေးနှုန်းကျဆင်းရေး တိုက်ပွဲ၊ တရုတ်ဖြူကျူးကျော်မှု တွန်းလှန်ရေး
စသော ကာလ အပိုင်း အခြားများကိုပါ
ဤဝတ္ထုက ဖြတ်သန်းထားသည်။
ဝတ္ထု၏ အသက် သွေးကြောဖြစ်သော
ဇာတ်ဆောင်များကို လူတန်းစားအရပ်ရပ်၊
အလွှာအသီးသီးမှ ကျယ်ပြန့်စွာ ရှာယူ၍
အသက်သွင်းထားသည်။
ဝတ္ထုတစ်ပုဒ်လုံး၏
ဇာတ်ကောင်များ အားလုံးသည်
ဇာတ်လိုက်ဖြစ်၍ ဝတ္ထု၏
အသက်သွေးကြောများဖြစ်သည်ဟု
ယူဆထားသည့်အတိုင်း ဆရာမင်းကျော်က
ဤဝတ္ထုတွင် သူ၏ ဇာတ်ဆောင်များအားလုံးကို
အကွက်စိစိ အားပြိုင် လှုပ်ရှားစေခဲ့သည်။
ရုန်းကန်တိုက်ခိုက်မှုများ၊ အားပြိုင်မှုများက
စာဖတ်သူကိုပါ သူ၏ ဇာတ်ဆောင်များအကြား သို့မဟုတ် ပြည်သူများအကြားသို့ ရောက်ရှိ
သွားစေနိုင်သည်အထိ ဝတ္ထုက အောင်မြင်ခဲ့သည်။
ထိုခေတ် ထိုကာလ စာရေးဆရာကြီးများ၏
ကြိုးစားအားထုတ်မှု၊ ကြံဆ စမ်းသပ်မှု၊
ပြတ်သားရဲရင့်မှုတို့က ဤလို ဝတ္ထုကြီးများကို
မြန်မာစာပေအတွက် မွေးထုတ်ပေးနိုင်ခဲ့ခြင်း
ဖြစ်ပါသည်။
မြန်မာစာပေအတွက် အမှတ်တရ ထား
ဖတ်ရှုသိမ်းဆည်းထားရမည့်
ဝတ္ထုကောင်းကြီးများမှ
တစ်အုပ် အပါအဝင် ဖြစ်ပါသည်။
▪️စာညွှန်း - အပါးတော်မြဲ / မှ

image