5 ရက် - ဘာသာပြန်ပါ။

You are responsible for your own happiness 🍀
ကိုယ့်ရဲ့ ပျော်ရွှင်မှုကို ကိုယ်ကိုယ်တိုင်ဖန်တီးပါ
ကျွန်ုပ်တို့ဟာ အခြားတွေဆီကနေ အသိအမှတ်ပြုမှုကို အမြဲမျှော်လင့်နေမည့်အစား မိမိကိုယ်ကို လက်ခံလိုက်တဲ့အခါပျော်ရွှင်မှုကို ခံစားရမှာ ဖြစ်ပါတယ်💕
ကျွန်ုပ်တို့၏ ပျော်ရွှင်မှုအတွက် တာဝန်ရှိသူဟာ ကိုယ်တိုင်ပဲဖြစ်ပါတယ်။ဘာလို့လဲဆို ကျွန်ုပ်တို့ဟာ မိမိ၏ပျော်ရွှင်မှုကို ကိုယ်တိုင်ဖန်တီးရသူများဖြစ်တဲ့အတွက်ကြောင့်ပါပဲ 💕
တစ်ခါတစ်ရံမှာ ကျွန်ုပ်တို့ဟာ အခြားသူတွေဆီကရရှိတဲ့ အသိအမှတ်ပြုမှုကို ရယူလိုတာကြောင့် သူတို့အပေါ် မှီခိုနေမိတာကို သတိပြုရပါမယ်။ ဒါပေမယ့် ကိုယ့်ရဲ့ ကိုယ်ပိုင်ပျော်ရွှင်မှုရရှိစေဖို့ အခြားသူအပေါ်မှီခိုနေတာက တကယ်ကို ပညာမရှိရာကျပါတယ်။ တကယ်လို့ သူတို့ဟာ ကျွန်ုပ်တို့ရဲ့ ပျော်ရွှင်မှု၏ အရင်းအမြစ်လို့ ထင်မြင်နေမယ်ဆိုရင် နောက်ဆုံးမှာ ကျွန်ုပ်တို့ဟာ စိတ်ပျက်စရာတွေကိုသာ လက်ခံရရှိမှာဖြစ်တယ်။ ဘာလို့လဲဆိုတော့ သူတို့က ကျွန်တော်တို့ မျှော်လင့်ထားသလို အမြဲ မဖြစ်နိုင်လို့ပါပဲ 💕
ကျွန်ုပ်တို့ဟာ မိမိ၏ စိတ်အခြေအနေနှင့် ခံစားချက်တွေအတွက် တာဝန်ယူရပါမယ်။ အခြားသူတွေမှာလည်း ကျွန်ုပ်တို့လိုပဲ ကိုယ်ပိုင်ပြဿနာတွေ၊ မလုံခြုံမှုတွေ၊ ကြောက်ရွံ့မှုတွေနှင့် အခက်အခဲတွေ ရှိနေတယ်ဆိုတာ နားလည်ရပါမယ်။ သူတို့လည်း သူတို့ကိုယ်သူတို့ ဂရုစိုက်ဖို့ လိုအပ်ကြောင်း သတိပြုရပါမယ်။ ဒါကြောင့် သူတို့ဟာ ကိုယ့်ကိုရော သူတို့ကိုယ်သူတို့ပါ တစ်ပြိုင်နက် ကျေနပ်အောင် ဖြည့်ဆည်းပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး💕
မိမိ၏ပျော်ရွှင်မှုအတွက် တာဝန်ယူခြင်းဟာ အခြားသူတွေကိုလည်း သူတို့ ကိုယ်ပိုင်နေရာလေး ဖန်တီးနိုင်အောင် ကူညီပေးရာရောက်ပါတယ်။ တကယ်လို့ ကျွန်ုပ်တို့အားလုံးဟာ ပျော်ရွှင်မှုဟာ မိမိ၏တာဝန်သာဖြစ်ကြောင်း နားလည်ကြမယ်ဆိုရင် တစ်ဦးနှင့်တစ်ဦးတွင် ရေရှည်တည်တံ့သော စစ်မှန်သည့် ဆက်ဆံရေးများ တည်ဆောက်နိုင်မှာဖြစ်ပြီး၊ သူတို့လည်း ကိုယ်မျှော်လင့်သလို မလုပ်တာတွေအတွက် စိတ်ပျက်ရခြင်းတွေ၊ အပြစ်တင်ချင်တဲ့စိတ်တွေ ဖြစ်မှာ မဟုတ်တော့ဘူးလေ💕
✅မိမိ၏ပျော်ရွှင်မှုကို ဂရုစိုက်ဖို့အတွက် အာရုံစိုက်ပါ။
✅အခြားသူများကို ချစ်ခင်နေတုန်းမှာ ကိုယ့်ကိုယ်ကိုယ် သူတို့ထဲမှာ
မပျောက်ဆုံးသွားပါစေနဲ့။ ကိုယ့်ရဲ့ကိုယ်ပိုင်ဟန်ကို ထိန်းပါ။
✅သူတို့ကို ကိုယ့်ကို ပျော်ရွှင်အောင်လုပ်ပေးဖို့ မတောင်းဆိုပါနဲ့။
✅အပြုသဘောဆောင်တဲ့ အရာတွေနဲ့ မိမိကိုယ်ကို ပြုစုပျိုးထောင်ပြီး မိမိချစ်မြတ်နိုးသော အရာများကို လုပ်ဆောင်ပါ။
✅ကျွန်ုပ်တို့ရဲ့ ပျော်ရွှင်မှုတွေ ကျွန်ုပ်တို့ဆီလာဖို့ မမျှော်လင့်ပါနဲ့။ ကိုယ်တိုင်ဖန်တီးပါ 💕

image