Update News--
အိန္ဒိယ ခရီးသည်တင်လေယာဉ်ပျက်ကျမှု လိုက်ပါသူ ၂၄၀ ကျော် သေဆုံး

ခရီးသည် ၂၄၂ ယောက်ကို တင်ဆောင်ထားတဲ့ ခရီးသည်တင်လေယာဉ်တစင်းဟာ အိန္ဒိယနိုင်ငံ အနောက်ပိုင်း အမက်ဒါဘက်မြို့ကနေ လန်ဒန်ကို ပျံသန်းစဉ် ပျက်ကျမှုဖြစ်ပွားမှုမှာ ခရီးသည်အားလုံး အသက်ရှင်ကျန်ရစ်သူ မရှိနိုင်ကြောင်း ရဲမင်းကြီး GS Malik ကအေပီ သတင်းဌာနကို ပြောပါတယ်။
လေယာဉ်ဟာ လူနေရပ်ကွက်ထဲကို ပျက်ကျခဲ့တာဖြစ်ပြီး မြေပြင်ပေါ်က လူတွေလည်း ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဆိုပါတယ်။ လေယာဉ်ဟာ ဆရာဝန်တွေ တည်းခိုနေတဲ့ အဆောင်ပေါ်ကို ပျက်ကျခဲ့တာပါ။
လက်ရှိအချိန်ထိ အလောင်း ၁၀၀ ကျော်ကို ရှာဖွေတွေ့ရှိထားပြီး ဒဏ်ရာရသူတွေကိုတော့ အနီးနားက ဆေးရုံတွေကို ပို့ထားတယ်လို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
အာဏာပိုင်တွေကတော့ ဖြစ်စဉ်ကြောင့် လူအများအပြား သေဆုံးခဲ့ကြောင်း ပြောဆိုထားပြီး ထိခိုက်သေဆုံးမှုတွေကို အသေးစိတ်ထုတ်ပြန်တာမျိုးမရှိသေးဘဲ ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။
လေယာဉ်ပေါ်မှာ ခရီးသည်နဲ့ လေယာဉ်အမှုထမ်းတွေအပါအဝင် လူ ၂၄၂ ယောက် လိုက်ပါခဲ့တယ်လို့ အိန္ဒိယ အရပ်ဘက်လေကြောင်း စီမံခန့်ခွဲရေးအဖွဲ့ အကြီးအကဲက အေပီသတင်းဌာနကို အတည်ပြု ပြောပါတယ်။လေယာဉ်ဟာ Boeing 787-8 Dreamliner အမျိုးအစားဖြစ်ပါတယ်။
လေကြောင်းခြေရာခံဝက်ဘ်ဆိုက် Flightradar24 ရဲ့အဆိုအရ လေယာဉ်ဟာ ပျံတက်ပြီး စက္ကန့်ပိုင်းအကြာ အမြင့်ပေ ၆၂၅ ပေအရောက်မှာ ပျက်ကျခဲ့တာလို့ ဆိုပါတယ်။လေယာဉ်ပေါ်မှာ ဗြိတိန်နိုင်ငံသား ၃၅ ယောက်နဲ့ အိန္ဒိယနိုင်ငံသား ၁၆၉ ယောက်အပြင် ကနေဒါနိုင်ငံသားတယောက်နဲ့ ပေါ်တူဂီ နိုင်ငံသားတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
Boeing 787-8 Dreamliner အလေယာဉ်တွေကို ၂၀၀၉ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး အစင်းရေး ၁၀၀၀ ကျော်ဟာ လေကြောင်းလိုင်း ဒါဇင်များစွာမှာ ပြေးဆွဲနေကြပါတယ်။ ယခုလေယောဉ်ပျက်ကျမှုကြောင့် အမေရိကန်မှာ ဘိုးအင်းရဲ့ အစုရှယ်ယာတွေ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။

imageimage
+4