5 ရက် - ဘာသာပြန်ပါ။

ဘုရားကို များများ အာရုံပြု
🌸🥀🌿🌸🥀🌿🌸🌿🥀
ကုသိုလ် တရား တိုးပွားစေတဲ့
အာရုံကောင်းတွေဟာ
စိတ်ရဲ့ အားဆေးတွေပါ …
ခန္ဓာကိုယ် အားရှိဖို့ အစားကောင်းတွေ
နေ့တိုင်း စားပေးရသလို
စိတ်ဓာတ်အားရှိဖို့ အတွက်လဲ
အာရုံကောင်းတွေ
နေ့တိုင်းစားပေးဖို့ လိုအပ်ပါတယ် …
စိတ်ကို ရွှင်လန်းတက်ကြွ အားဖြစ်စေတဲ့
အာရုံကောင်းတွေထဲမှာ
အကောင်းဆုံး အာရုံကောင်းကတော့
ဘုရားအာရုံ ပါပဲ …
ဘုရားကို များများ အာရုံပြုလေ
စိတ်ဓာတ် ပိုအားရှိလေပါပဲ …
အရှင်_ဆန္ဒာဓိက ( ရွှေပါရမီတောရ )

image