5 d - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ မလေးရှားသို့ သွားမည့် မြန်မာ ၄၀ ကျော် ထိုင်းတွင် ဖမ်းဆီးခံရ
ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် ဇွန် ၁၂ ရက် နံနက်ပိုင်းက မလေးရှားနိုင်ငံသို့တရားမဝင်သွားမည့်မြန်မာနိုင်ငံသား ၄ဝ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
မြန်မာနိုင်ငံသားများ တရားမဝင် ဝင်လာကြောင်း သတင်းပေးတိုင်ကြားချက်ရရှိသဖြင့် နယ်မြေရဲတပ်ဖွဲ့ နှင့် နယ်ခြားစောင့်တပ်ဖွဲ့က ထိုးဖားဖမ်းဒေသတွင် စောင့်ကြိုစစ်ဆေးခဲ့ခြင်းဖြစ်ပြီး ယင်းအချိန်ကားအနောက်ပိုင်းကို တာလပတ်ပိုင်းဖြင့် ဖုံးထား သော ပစ်ကပ်ကားတစ်စီး မောင်းလာသည်ကို တွေ့ရသဖြင့် ရဲတပ်ဖွဲ့ကတားဆီး စစ်ဆေးစဉ်ကားသည် မရပ်ပေးဘဲ အမှတ် ၃၂၃ အမြန်လမ်းမ ကြီးအတိုင်း အရှိန်မြှင့်မောင်းပြေးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ထွက်ပြေးသွားသောကြောင့် ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးရာ ကားကိုလမ်းဘေးသို့ချရပ်ခဲ့ပြီး ကားသမားမှာ အမှောင်ထဲတွင် ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ကားအနောက်ပိုင်း တာလပတ်အောက်တွင် မြန်မာနိုင်ငံသား အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် ၄၄ ဦးကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
၎င်းတို့သည် ဘုရားသုံးဆူနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံထဲသို့တရားမဝင် ဝင်ရောက်လာကြပြီး ကန်ချနဘူရီမြို့ထဲအရောက်တွင် ဖမ်းဆီးခံရခြင်းဖြစ်ကာ လက်ရှိတွင် ထိုးဖားဖမ်းရဲစခန်းသို့ဖမ်းဆီး ခေါ်ဆောင်သွားပြီး ဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

image