5 ရက် - ဘာသာပြန်ပါ။

ထရမ့်ကို ဖြဲတဲ့ပို့စ်တွေ တင်ပြီးမှ နောင်တရနေတဲ့ အီလွန်မတ်စ်
ပြီးခဲ့တဲ့အပတ်က အမှားကြီး မှားခဲ့တဲ့သူတစ်ယောက်ရှိရင် အီလွန်မတ်စ်ပဲ ဖြစ်မယ်။
အီလွန်မတ်စ်က ဆိုရှယ်မီဒီယာမှာ အတော်စွာတဲ့ ဘီလျံနာပါ။ OpenAI CEO ကနေ ဘီလ်ဂိတ်စ်အထိ ရှယ်ပလန်နဲ့ ဆော်နှက်ခဲ့လို့ ဆမ်အော့မန်ကဆို သူ့ကို bully ကြီးလို့တောင် ပြောဖူးပါတယ်။ အခုတစ်ခါကတော့ အီလွန်မတ်စ်ရဲ့ နောင်တရခန်းလို့ ပြောရမှာပါ။
သမ္မတတောင် အထာမထားဘဲ ဂျက်ဖရီ အက်ပ်စတိန်းဖိုင်မှာ ပါတယ်လေး ဘာလေးနဲ့ လိုင်းပေါ်တင် ခြိမ်းလားခြောက်လားလုပ်ခဲ့ပြီးမှ "လွန်သွားပြီ" လို့ အသိဝင်နေပါတယ်။ ဗုဒ္ဓဟူးနေ့က သူ့ရဲ့ ပို့စ်ထဲမှာ ပြီးခဲ့တဲ့အပတ်က သမ္မတဒေါ်နယ်ထရမ့်ကို ပြောခဲ့ဆိုခဲ့တာတွေအတွက် နောင်တရမိတယ်လို့ ဝန်ခံလာလို့ပါ။
"အရင်တစ်ပတ် သမ္မတဒေါ်နယ်ထရမ့်နဲ့ပတ်သက်ပြီး တင်ခဲ့တဲ့ ပို့စ်တချို့အတွက် နောင်တရမိပါတယ်။ ပို့စ်တွေက အတော်လွန်သွားတယ်" လို့ ရေးပါတယ်။
အက်ပ်စတိန်းဖိုင်မှာ ပါတယ်လို့ စွပ်စွဲခဲ့တဲ့ ပို့စ်အပါအဝင် သမ္မတကို စွပ်စွဲပြစ်တင်ဖို့ လှုံ့ဆော်ခဲ့တဲ့ ပို့စ်တွေကိုလည်း မတ်စ်က သူ့ X ပေါ်ကနေ ဖျက်ထားပါတယ်။ ထရမ့်ရဲ့ အခွန်နဲ့ ပြည်တွင်းရေးရာမူဝါဒကြမ်းကို "ရွံစရာကောင်းတဲ့ဟာ" ဆိုပြီး မတ်စ်က ဝေဖန်ရာကနေ social media မှာ ထရမ့်နဲ့ အီလွန်မတ်စ် လူသိရှင်ကြား ရန်ဖြစ်ခဲ့တာပါ။
အီလွန်မတ်စ်ကို ထရမ့်က "ရူးသွားပြီ" လို့ ပြောခဲ့သလို မတ်စ်ရဲ့ ကုမ္ပဏီတွေကို ပေးထားတဲ့ အစိုးရကန်ထရိုက်နဲ့ ထောက်ပံ့မှုတွေ ရပ်ဆိုင်းပစ်မယ်လို့လည်း ထရမ့်က ပြန်ခြိမ်းခြောက်ခဲ့ပါတယ်။ သမ္မတရဲ့ စကားက တာသွားပါတယ်။ အဲ့ဒီနေ့တင် အီလွန်မတ်စ်ရဲ့ Tesla ကုမ္ပဏီ ဒေါ်လာဘီလျံ ၁၅၀ ကျော် ဆုံးရှုံးခဲ့ပါတယ်။
အခုလို နောင်တရကြောင်း ပို့စ်တင်ပြီးတဲ့နောက်မှာတော့ Tesla ရှယ်ယာတွေ ၂% ပြန်တက်လာတယ်လို့လည်း ဆိုပါတယ်။

image