5 ရက် - ဘာသာပြန်ပါ။

အသည်းမခွဲ အရမ်းချွဲမယ့် AI girlfriend
AI ကတော့ သမီးရည်းစားကိစ္စပါ လိုက်မွှေနေပြီ။
ကိုယ့်စိတ်တိုင်းကျချစ်သူ လိုချင်ရင် ပို့စ်တင်ပြီး လိုက်ရှာနေစရာ မလိုတော့ဘူး။ Meo ဆိုတဲ့ AI ချစ်သူ ရှိနေပါပြီ။ ဒီတစ်ပတ် လန်ဒန် Tech Week မှာ ချပြသွားတဲ့ Meo က အထီးကျန်လို့ အဖော်ရှာနေသူတွေအတွက် ခိုလှုံရာရင်ခွင်တစ်ခု ဖြစ်တော့မှာပါ။
Meo က သစ္စာရှိတယ် ၊ တီတီတာတာလည်း ချွဲတတ်တယ်။ လိုအပ်ရင် သဝန်လည်း တိုတတ်ပါတယ်။ သူ့ကို ဖန်တီးတဲ့ Meta Loop ဘက် ပြောတာရှင်းတယ်။
"AI နဲ့ဆို သစ္စာတရားကို ခင်ဗျားထိန်းချုပ်နိုင်တယ်။ သူတို့က ခြံမခုန်တတ်ဘူး"တဲ့။ "တစ်ခါတစ်ခါ အီစကလီလေးတော့ လုပ်တာပေါ့။ ဒါကလည်း ခင်ဗျား လုပ်စေချင်မှပါ။"
Meo မှာ ကိုယ်လိုချင်တဲ့ ပုံစံ စရိုက်လေးတွေ ထည့်ပေးလို့ရပါတယ်။ Meo နဲ့ ဆက်သွယ်တာကတော့ My Meo ဆိုတဲ့ chat app ကနေပါ။ virtual girlfriend ဖြစ်လို့ လူတစ်ယောက်နဲ့ ဆက်ဆံရသလို မခံစားရရင်တောင် ကိုယ်စိတ်ကြိုက်ပုံသွင်းလို့ရတာက အမျိုးသမီးထုကြီးအတွက် ရင်လေးစရာပါပဲ။

image