5 ရက် - ဘာသာပြန်ပါ။

ထိုင်းမှာကျောင်းတက်ဖို့အတွက် unilinks.co မှာ ကျောင်းရှာတာကစလို့ ကျောင်းလျှောက်ပြီးတဲ့အထိ အစအဆုံးလုပ်လို့ရပြီ
Education Technology Company တစ်ခုဖြစ်တဲ့ UniLinks ဟာဆိုရင် ထိုင်းတက္ကသိုလ်တွေ အကြောင်း လေ့လာ၊ နှိုင်းယှဉ်ပြီး တကယ့်ကျောင်းသားတွေနဲ့ တိုင်ပင်ဆွေးနွေးနိုင်ရုံသာမက ကျောင်းပါအတူတူလျှောက်နိုင်တဲ့ All in One Platform တစ်ခုကို စတင်မိတ်ဆက်လိုက်ပါတယ်။ လက်ရှိမှာတော့ ထိုင်းနိုင်ငံက Private တက္ကသိုလ်နဲ့ အဖွဲ့အစည်း ၃၀ ကျော်က Study Program ပေါင်း ၁၀၀၀ ကျော်ပါရှိတယ် လို့ သိရပါတယ်။
အရင်ကလို ကျောင်းရှာ၊ကျောင်းအပ်ဖို့အတွက်နဲ့ မလိုအပ်ဘဲ အချိန်ကုန်၊ လူပင်ပန်းမဖြစ်ရအောင် ဒီ ပလက်ဖောင်းကနေ ကျောင်းလျှောက်ပြီးတဲ့အထိ အစစအရာရာ အားလုံး လုပ်ဆောင်နိုင်မယ် လို့ ဆိုပါတယ်။
UniLinks Platform ရဲ့ Feature နဲ့ Service တွေကတော့
မေဂျာ၊ ကျောင်းလခ၊ ကျောင်းတည်နေရာ၊ ကျောင်း Intake စတာတွေကို Filter ခံပြီး မိမိနဲ့ အကိုက်ညီဆုံး Program ကို ရှာဖွေနိုင်စေမယ့် University Finder Feature
တက်ရောက်ချင်တဲ့ Program ရဲ့ အကြောင်းအရာ ၊ Intake ၊ Duration ၊ Curriculum စတဲ့ အသေးစိတ်အချက်အလက်တွေကို လေ့လာလို့ရမယ့် Program Pages
မေဂျာ ၃ခုကို ဘေးချင်းကပ် နှိုင်းယှဉ်ပြီး ရွေးချယ်ကြည့်ရှုနိုင်တဲ့ Comparison Feature
Online ကနေ UniLinks နဲ့ အခမဲ့ တိုင်ပင်ဆွေးနွေးဖို့ Online Booking Feature
လက်ရှိကျောင်းတက်နေတဲ့ (သို့)​ ကျောင်းပြီးသွားတဲ့ Student Ambassadors တွေနဲ့ချိတ်ဆက်နိုင်စေမယ့် Ambassador Connect
ကျောင်းလျှောက်ဖို့ စာရွက်စာတမ်းပြင်ဆင်တာကစလို့ Visa ကိစ္စတွေပါ လမ်းညွှန်ပေးမယ့် Admission Service
စာရွက်စာတမ်း တစ်ခါပြင်ထားရုံနဲ့ ကျောင်းအများကြီးကို တပြိုင်တည်း ကျောင်းလျှောက်လို့ရစေမယ့် Multiple Apply Feature အစရှိသဖြင့်ပါဝင်သလို Scholarship သတင်းအချက်အလက်တွေကိုလည်း ဖတ်ရှုနိုင်ပါသေးတယ်။
အခုဖော်ပြခဲ့တဲ့ Feature တွေအားလုံးကို ဝန်ဆောင်ခလုံးဝမပေးရဘဲ UniLinks Myanmar နဲ့အတူ အခမဲ့လုပ်ဆောင်နိုင်မှာလည်း ဖြစ်ပါတယ်။ Online ကနေတိုင်ပင်ဆွေးနွေးချင်တဲ့ ကျောင်းသားတွေအနေနဲ့ UniLinks ပလက်ဖောင်းမှာ Account ဖွင့်ရမှာဖြစ်ပြီး Booking ကြိုယူပြီးသွားပြီဆိုရင်တော့ UniLinks နဲ့ ကျောင်းလျှောက်လို့ ပြီးတဲ့အထိ Service ယူလို့ရတယ်လို့ ဆိုပါတယ်။
UniLinks ကို ၂၀၂၄ ၊ ဇွန်လ ၁၀ ရက်နေ့က စတင်တည်ထောင်ခဲ့ပြီး မြန်မာလူမျိုး Founder (၃) ဦး နဲ့ ကမ္ဘောဒီးယားလူမျိုး Founder (၁) ဦးတို့ လက်တွဲဖွင့်လှစ်ခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံမှာရှိတဲ့ ကျောင်းသားတွေကို ပညာရေးဝန်ဆောင်မှုတွေပေးနေပြီး တစ်နှစ်တာ ကာလအတွင်း တက္ကသိုလ်ကျောင်းသားပေါင်း (၁၀၀) ကျော်အတွက် ကျောင်းလျှောက်ပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။​ အနာဂတ်မှာလည်း Public တက္ကသိုလ်တွေနဲ့ အရှေ့တောင်အာရှ တစ်ခွင်က တက္ကသိုလ်တွေမှာပါ တက်ရောက်နိုင်အောင် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
“ UniLinks ကတော့ ကျောင်းသားတွေအနေနဲ့ ဘယ်အချိန်၊ ဘယ်နေရာမှာ ဖြစ်ဖြစ် တက္ကသိုလ်တွေကို ကိုယ်တိုင် ရှာနိုင်အောင် ဖန်တီးထားတာဖြစ်ပြီး တက္ကသိုလ်တွေရဲ့ အချက်အလက်တွေ တစ်စုတစ်စည်းတည်း ရှိတဲ့ ပလက်ဖောင်း တစ်ခုပါ” လို့ UniLinks ရဲ့ CEO ဖြစ်သူ ကိုအောင်ကောင်းပြည့်က ဆိုပါတယ်။
“ကျွန်တော်တို့ရဲ့ အဓိက ရည်မှန်းချက် ကတော့ ကျောင်းသားတွေကို အချက်အလက်စုံစုံလင်လင်ရှာနိုင်အောင် လုပ်ပေးချင်တာပါ။ ကိုယ်တိုင်လည်း ပြည်ပမှာ ကျောင်းတက်ခဲ့တာမို့ အသစ်လာမယ့် ကျောင်းသူကျောင်းသားတွေကိုလည်း တတ်နိုင်သလောက် ပံ့ပိုးချင်တယ်။ သူတို့နဲ့ ကိုက်ညီမယ့် တက္ကသိုလ်တွေကို ရှာနိုင်စေချင်တယ်။ ကျွန်တော့်အနေနဲ့ ကျောင်းသားတွေအတွက် ပညာရေးပိုင်းကနေတဆင့် ဘဝတစ်ဆစ်ချိုးပြောင်းလဲ နိုင်အောင် ကူညီပေးချင်တယ်။ ပညာရေးနယ်ပယ်မှာ ၈နှစ်ကျော် အတွေ့အကြုံရှိတဲ့အတွက် ပိုကောင်းတဲ့အပြောင်းအလဲဖြစ်အောင် ကူညီပေးနိုင်မယ်ဆိုတာကို ယုံကြည်ပါတယ်” လို့လည်း ဆိုပါတယ်။
တိကျမှန်ကန်တဲ့ အချက်အလက်တွေနဲ့ သုံးရလွယ်အောင် ဖန်တီးထားတဲ့ UniLinks ပလက်ဖောင်းဟာဆိုရင် ပိုမိုကောင်းတဲ့ တက္ကသိုလ်ပညာရေး ရယူလိုတဲ့ ကျောင်းသားတွေအတွက် ဝန်ဆောင်မှုတွေပေးလျက်ရှိပါတယ်။
unilinks.co ကနေတဆင့် Study Programs တွေ ကိုဝင်ရောက် လေ့လာနှိုင်းယှဉ်ပြီး Free Consultation အတွက်ပါ Booking တင်ထားနိုင်ပါပြီ။

image