ဂျပန်မှာ Toyota ကိုတောင် ကျော်တက်သွားတဲ့ ဒေါ်လာ ၇,၀၀၀ တန် လျှပ်စစ်ကားအသေးစားလေး 🚗⚡
ဂျပန်နိုင်ငံရဲ့ KG Motors လို့ခေါ်တဲ့ ကုမ္ပဏီအသစ်လေးတစ်ခုကနေ “mibot” (မီဘော့) လို့ အမည်ပေးထားတဲ့ တစ်ယောက်စီး လျှပ်စစ်ကားလေးကို ထုတ်လုပ်လိုက်ပါတယ်။
ဒီကားလေးဟာ ဈေးကွက်ထဲကို မရောက်ခင် ကြိုတင်မှာယူမှုမှာတင် အစီးရေ ၃,၃၀၀ ကျော်အထိ ရောင်းချခဲ့ရပြီး၊ အဲ့ဒီအရေအတွက်ဟာ ဂျပန်နိုင်ငံအတွင်း Toyota ရဲ့ ၂၀၂၄ ခုနှစ် လျှပ်စစ်ကားရောင်းအားကိုတောင် ကျော်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
mibot ရဲ့ အဓိကအချက်များ:
•ဈေးနှုန်း: အမေရိကန်ဒေါ်လာ ၇,၀၀၀ (မြန်မာငွေ သိန်း ၃၀၀ ကျော်)
•ဒီဇိုင်း: မြို့တွင်းလမ်းကျဉ်းတွေအတွက် အထူးသင့်တော်တဲ့ တစ်ယောက်စီးကားလေး
•မောင်းနှင်နိုင်မှု: တစ်ခါအားအပြည့်သွင်းထားရင် ၆၂ မိုင် (ကီလိုမီတာ ၁၀၀ နီးပါး) မောင်းနှင်နိုင်
•အမြန်ဆုံးနှုန်း: တစ်နာရီ ၃၇ မိုင် (တစ်နာရီ ကီလိုမီတာ ၆၀ နီးပါး)
Hybrid ကားတွေပဲ အဓိကနေရာယူထားတဲ့ ဂျပန်ဈေးကွက်မှာ ဒီလို ဈေးနှုန်းသက်သာပြီး အရွယ်အစားသေးငယ်တဲ့ လျှပ်စစ်ကားလေးတွေက အခုလို လူကြိုက်များလာတာဟာ တကမ္ဘာလုံးမှာပါ ဒီလိုကားအမျိုးအစားတွေကို စိတ်ဝင်စားမှု မြင့်တက်လာစေနိုင်ပါတယ်။
