6 ရက် - ဘာသာပြန်ပါ။

ပညာရေးနှင့် ဉာဏ်ရည်ဉာဏ်သွေးပိုင်းမှာ အထူးချွန်ဆုံး ရာသီခွင်များ 📝📝📝
ပညာရေးနှင့် ဉာဏ်ရည်ဉာဏ်သွေးပိုင်းမှာ အထူးချွန်ဆုံး ရာသီခွင်တွေကို တင်ပြပေးလိုက်ပါတယ်။အခုပြောပြမယ့် အကြောင်းအရာများက ယေဘူယျသဘောတရားများသာဖြစ်ပြီး တစ်ဦးချင်းရဲ့ Birth Chart (ဂြိုဟ်နေရာ၊ အိမ်တွင်းအခြေအနေ) အပေါ်လည်း မူတည်ပါတယ်။ လူတစ်ဦးချင်းရဲ့ ပညာရေးစွမ်းရည်က ရာသီခွင်တစ်ခုတည်းပေါ်တွင် မူတည်ခြင်းမရှိဘဲ ကိုယ့်ရဲ့ကြိုးစားမှု၊လေ့လာသင်ယူမှု၊ကိုယ့်မိသားစုအခြေအနေနဲ့လည်း ဆက်စပ်နေပါတယ်။ သင့်ရဲ့ ရာသီခွင်နဲ့ ကိုက်ညီမှုရှိလားဆိုတာ ကြည့်လိုက်ရအောင်နော်
(Gemini) ♊ ( မေလ ၂၁ရက် မှ ဇွန်လ ၂ဝရက် အတွင်း မွေးဖွားသူများ )
Gemini များရဲ့ ထူးချွန်တဲ့ အချက်က အလွန်စူးစမ်းလိုစိတ်များခြင်း၊ ဘာသာစကားအသစ် တတ်မြောက်လွယ်ခြင်း၊ဆက်သွယ်ရေးစွမ်းရည်မြင့်မားခြင်း၊ဘယ်ပညာရပ်ကိုမဆို အမြန်လေ့လာနိုင်ခြင်းတို့ ဖြစ်ပါတယ်။ Gemini များရဲ့ အားနည်းချက်ကတော့ စိတ်မရှည်ခြင်းနှင့် တစ်ခုတည်းကို အာရုံစူးစိုက်ရန် ခက်ခဲခြင်းတို့ဖြစ်ပါတယ်။
(Cancer) ♋ ( ဇွန်လ ၂၁ရက် မှ ဇူလိုင်လ ၂၂ရက် အတွင်း မွေးဖွားသူများ)
Cancer များရဲ့ ထူးချွန်တဲ့ အချက်က မှတ်ဉာဏ်ကောင်းခြင်း၊ စာနာနားလည်မှုမြင့်မားခြင်း၊ အနုပညာနှင့် စာပေတွင် ကောင်းစွာဖော်ပြနိုင်ခြင်းတို့ ဖြစ်ပါတယ်။Cancer များရဲ့အားနည်းချက်ကတော့ စိတ်ခံစားမှုများကို အလွန်အမင်းထိန်းချုပ်ထားခြင်း (သို့) စိတ်အားငယ်လွယ်ခြင်းတို့ ဖြစ်ပါတယ်။
(Virgo) ♍ ( ဩဂုတ်လ ၂၃ရက် မှ စက်တင်ဘာလ ၂၂ရက် အတွင်းမွေးဖွားသူများ )
Virgo များရဲ့ ထူးချွန်တဲ့ အချက်က အသေးစိတ်လေ့လာမှု၊အတွေးအခေါ်တိကျမှု၊ စိတ်ရှည်ပြီး အသေးစိတ်ကို ဂရုစိုက်နိုင်ခြင်း၊ ခွဲခြမ်းစိတ်ဖြာမှု စွမ်းရည်မြင့်မားခြင်းတို့ ဖြစ်ပါတယ်။ Virgo များရဲ့ အားနည်းချက်ကတော့ အလွန်အမင်း ပြီးပြည့်စုံမှုကို ရှာဖွေခြင်း (Perfectionism) ဖြစ်ပါတယ်။
(Aquarius) ♒ ( ဇန်နဝါရီလ ၂၀ရက် မှ ဖေဖော်ဝါရီလ ၁၈ရက် အတွင်းမွေးဖွားသူများ )
Aquarius များရဲ့ ထူးချွန်တဲ့ အချက်က တီထွင်ဖန်တီးနိုင်စွမ်း မြင့်မားခြင်း၊ သိပ္ပံနှင့် နည်းပညာတွင် အထူးစိတ်ဝင်စားခြင်းနှင့် ဒဿန များကို စိတ်ဝင်စားတို့ ဖြစ်ပါတယ်။Aquarius များရဲ့ အားနည်းချက်ကတော့ လက်တွေ့ဘဝနှင့် ဝေးကွာတဲ့ အတွေးအခေါ်များ ရှိတတ်ခြင်း ဖြစ်ပါတယ်။
(Sagittarius) ♐ ( နိုဝင်ဘာလ ၂၂ရက် မှ ဒီဇင်ဘာလ ၂၁ရက် အတွင်းမွေးဖွားသူများ)
Sagittarius များရဲ့ ထူးချွန်သောအချက်က ဘာသာစကား၊ ဆက်သွယ်ရေး၊ဒဿနိကဗေဒ၊ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ လေ့လာမှုများတွင် စိတ်ပါဝင်စားမှု မြင့်မားခြင်း တို့ဖြစ်ပါတယ်။ Sagittarius များရဲ့ အားနည်းချက်ကတော့ အချိန်ကြာမြင့်စွာ အာရုံစိုက်ရန် ခက်ခဲခြင်း ဖြစ်ပါတယ်။
(Capricorn) ♑ ( ဒီဇင်ဘာလ ၂၂ရက် မှ ဇန်နဝါရီလ ၁၉ရက် အတွင်းမွေးဖွားသူများ)
Capricorn များရဲ့ ထူးချွန်တဲ့ အချက်က အသေးစိတ်လေ့လာမှု၊စည်းကမ်းရှိခြင်း၊ ရေရှည်ရည်မှန်းချက်များအတွက် ကြိုးစားနိုင်ခြင်းတို့ ဖြစ်ပါတယ်။ Capricorn များရဲ့ အားနည်းချက်ကတော့ ရှေးရိုးစွဲဆန်ခြင်း၊ ပြောင်းလဲမှုကို ခုခံတတ်ခြင်းတို့ ဖြစ်ပါတယ်။

image