Bhavani Ward 1997 (2025) ဇာတ်ကားသစ်
(ဘာဝါနီလူနာဆောင်က သရဲမ)
IMDB - 8.8/10
သရဲကားခပ်ကြမ်းကြမ်းကိုမှကြည့်ရတာ နှစ်ခြိုက်ကြတဲ့ ပရိသတ်ကြီးတိုအတွက် လက်တလောအသစ်ထွက်ထားတဲ့ သရဲကားလေးအကြောင်းပြောချင်ပါတယ်။ ဒီကားလေးဟာ နိုင်ငံတကာက သရဲကားဝါသနာအိုးတွေအကြားမှာ ရီဗျူးကောင်းကောင်းရထားတဲ့ ဇာတ်ကားလေးပါ။
ဒီယာ ဆိုတဲ့ ဆရာဝန်မလေးနဲ့ အာဂျေးဆိုတဲ့ကောင်လေးတို ချစ်သူတွေဖြစ်ပြီးနောက် ဒီယာတာဝန်ကျတဲ့ ဆေးရုံမှာ အင်မတန်သရဲခြောက်တဲ့ ဘာဝါနီ ဆိုတဲ့ လူနာဆောင်ရှိပါတယ် ဒီလိုနဲ့ ညကြီးအချိန်မတော် ဒဏ်ရာရလူနာရောက်လာလို ဘာဝါနီလူနာဆောင်ထဲ ဆရာဝန်မလေးတစ်ယောက်ထဲ ဆေးကုဖိုသွားတဲ့အခါ ဘာတွေ တွေ့လာခဲ့ရမလဲ......
ဒီယာဟာ အဲဒီလူနာဆောင်ထဲကထွက်ပြီး မကြာခင်မှာပဲ သရဲဝင်ပူးခံရပါတော့တယ် အဲဒီအခါ ချစ်ရသူကို သရဲလက်ထဲကနေ ဆွဲထုတ်ဖိုအရေး အာဂျေးတစ်ယောက် ဘယ်လိုတွေ ကြုံတွေ့ရမလဲ...... အဲဒီဘာဝါနီလူနာဆောင်ကြီးကရော ညဆို လူတွေဖြတ်မသွားရဲလောက်အောင် ဘာလို သရဲတအားခြောက်နေရလဲ....နောက်ခံသမိုင်းကြောင်းက ဘာတွေဖြစ်မလဲ......စတဲ့ စတဲ့ ပဟေဠိပေါင်းများစွာနဲ့ အထိတ်တလန့်ကြည့်ရှုခံစားရမှာပါ.....
ဒါ့အပြင် ဒီဇာတ်ကားလေးဟာ သရဲကားသီးသန့်ကြီးမဟုတ်ဘဲ အချစ်ဆိုတဲ့ စကားလုံးလေးနှစ်လုံးဟာ ဘယ်လောက်ထိ လေးနက်ကြောင်း တာဝန်ကြီးကြောင်းပါ ရိုက်ကူးပြထားတာမိုသည်းထိတ်ရင်ဖို သရဲကားကို အလွမ်းဓာတ်ခံနဲ့ ကြည့်ချင်သူများအတွက် ကြည့်သင့်တဲ့ ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။
Movie Link 🔽🔽🔽
https://t.me/movieworld20217/206
