2 w - Translate

ပင်လယ်လိပ်တွေဟာ ထူးခြားတဲ့ ရေငုပ်စွမ်းရည်တွေကို ပိုင်ဆိုင်ထားတဲ့ အပြင် ၁၀ နာရီ လောက်ကြာအောင် အသက်အောင့်ထားနိုင်ကြပါတယ် ဒီလိုအချိန်ကြာကြာ ရေအောက်မှာ အသက်မရူဘဲနေနိုင်ဖို့အတွက် ၎င်းတို့မှာ ထူးခြားတဲ့ ခန္ဓာကိုယ်ဖွဲစည်းပုံတွေရှိပါတယ်
ပင်လယ်လိပ်တွေဟာ ရေငုပ်နေစဉ် ဒါမှမဟုတ် အနားယူနေစဉ်မှာ ၎င်းတို့ရဲ့ နှလုံးခုန်နှုန်းဟာ သိသိသာသာ နှေးကွေးကြပြီး ၉ မိနစ်လျှင် တစ်ကြိမ်သာ နှလုံးခုန်ကြပါတယ် လူသားတွေရဲ့ နှလုံးခုန်နှုန်း တစ်မိနစ်ကို ပျမ်းမျှ အကြိမ် ၈၀ နဲ့ နှိင်းယှဉ်ကြည့်မယ်ဆိုရင် ပင်လယ်လိပ်တွေဟာ အလွန်ကို ထူးခြားကြပါတယ်
ဘာကြောင့် ၁၀ နာရီ လောက်ကြာအောင် အသက်မရူဘဲ နေနိုင်ကြတာလဲဆိုရင် ပင်လယ်လိပ်တွေမှာ အောက်ဆီဂျင်ကို သိုလှောင်နိုင်တဲ့ စွမ်းရည်မြင့်မားကြပါတယ် ပင်လယ်လိပ်တွေရဲ့ သွေးထဲမှာ ဟေမိုဂလိုဘင် (hemoglobin) ပမာဏများပြီး ကြွက်သားတွေထဲမှာ မိုင်အိုဂလိုဘင် (myoglobin) ပရိုတင်းဓာတ် မြင့်မားစွာ ပါဝင်ကြပါတယ် ဒါတွေဟာ အောက်ဆီဂျင်ကို စုဆောင်းသိမ်းဆည်းရာမှာ အရေးပါပြီး ရေငုပ်နေစဉ်အတွင်း လိုအပ်တဲ့ အောက်ဆီဂျင်ကို ထောက်ပံ့ပေးပါတယ်
ပင်လယ်လိပ်အများစုဟာ သွေးအေးသတ္တဝါတွေဖြစ်တာကြောင့် ၎င်းတို့ရဲ့ ဇီဝဖြစ်စဉ် ဟာ လူသားတွေထက် အများကြီးနှေးပါတယ် ဒါကြောင့် အောက်ဆီဂျင်ကို ဖြည်းဖြည်းချင်း အသုံးပြုကာ ရေအေးထဲမှာဆိုရင် ဇီဝဖြစ်စဉ်ဟာ ပိုပြီးနှေးကွေးသွားတဲ့အတွက် ပိုကြာကြာ ရေအောက်မှာ နေနိုင်တာပါ
နောက်ပြီးရေငုပ်နေစဉ်မှာ ပင်လယ်လိပ်တွေဟာ သွေးကို အရေးမပါတဲ့ အင်္ဂါအစိတ်အပိုင်းတွေကနေ နှလုံး၊ ဦးနှောက်နဲ့ ဗဟိုအာရုံကြောစနစ်လို အရေးပါတဲ့ အင်္ဂါအစိတ်အပိုင်းတွေဆီကို လွှဲပြောင်းပေးနိုင်ကြပါတယ် ဒါတွေကြောင့်ဘဲ သူတို့ဟာ အောက်ဆီဂျင်ကို နည်းနည်း နဲ့ ထိရောက်စွာ အသုံးပြုနိုင်ကြတာဖြစ်ပါတယ်
#knowledge #facts #ဗဟုသုတ

image