1 w - Translate

Weight Cut ကြောင့် ကြံ့ခိုင်ရည်ထိမလား
အရင်တုန်းကဆိုရင် Khamzat Chimaev လည်း ပွဲကူးကြမ်းဖူးတယ်။ မြင်လွယ်တဲ့ ဥပမာကို ပြောပြမယ်။ ဝယ်တာဝိတ်တန်းမှာ Khamzat Chimaev က Rhys McKee ကို ပွဲသိမ်းနိုင်ဖူးတယ်။ (၅၅) ရက်အကြာမှာ ပွဲပြန်ထိုး‌ပါတယ်။ မစ်ဒယ်ဝိတ်တန်းမှာ Gerald Meerschaert ကို နိုင်လိုက်ပါရော။
Cody Durden က Bruno Silva ကို ရှုံးထားတာပါ။ ဖလိုင်းဝိတ်တန်းမှာ အလဲထိုးခံရတာပါ။ သိပ်မကြာခင်မှာ Cody Durden က လူစားဝင်ထိုးရမယ်တဲ့။ ပြိုင်ဘက်က Matt Schnell တဲ့။ ဖလိုင်းဝိတ်တန်းမှာ မထိုးပါဘူး။ ဘင်တန်ဝိတ်တန်းကို တက်ထိုးတာပါ။
ဒီအဖြစ်အပျက်တွေကို အကဲခတ်ကြည့်ရအောင်။ ကစားသမားတွေက ပွဲရက်ကပ်လွန်းရင် နောက်ပွဲကို အပေါ်တန်းမှာ ထိုးလေ့ရှိတယ်။ ပထမပွဲမှာ Weight Cut လုပ်တည်းက ပင်ပန်းထားပြီ။ ဒုတိယပွဲမှာ Weight Cut ဆက်လုပ်ရဦးမယ်ဆိုရင် စွမ်းဆောင်ရည်ကျတာပဲ။ အဲဒါကြောင့်မို့ လူသက်သာအောင် ဒုတိယပွဲမှာ ‌အပေါ်တန်းမှာ ထိုးတာပါ။
Joshua Van လည်း ဒီသဘောပါပဲ။ (၂၁) ရက်အတွင်းမှာ ပွဲကူးကြမ်းသွားတာပါ။ ပထမပွဲက အိုကေသွားပြီ။ ရက်ပိုင်းနားရဦးမယ်။ အောက်ခြေကန်ချက်ထိသေးတယ်မလား။
ဒုတိယပွဲအတွက် လေ့ကျင့်ရဦးမယ်။ အာဟာရဖြည့်ချိန်တောင် သိပ်မရဘူး။ ဒုတိယပွဲမှာ ဖလိုင်းဝိတ်တန်းရောက်အောင် ဝိတ်ချရဦးမယ်။ တစ်လမပြည့်ခင်မှာ (၂) ကြိမ် Weight Cut လုပ်တာက ကြံ့ခိုင်ရည်ထိနိုင်မလား။ အခုဟာက ရက်ကပ်လွန်းလို့ပါ။

image