ခရမ်းချဉ်သီးပန်ထွေဖျော် မေးထားသူအတွက်
ပန်ထွေဖျော်လုပ်ဖို့လိုတာလေးတွေက
ကိုင်းခရမ်းချဉ်သီး
ငရုတ်သီးစိမ်း
မျှင်ငပိ
ကြက်သွန်ဖြူ
ကြက်သွန်နီ
ဆား
အရသာမှုန့်
ငံပြာရည်
နံနံပင်
ကိုင်းခရမ်းချဉ်သီးနဲ့ငရုတ်သီးကို ရေဆေးပြီး အိုးတလုံး
ထဲကို ရေ၊ခရမ်းချဉ်သီး၊ငရုတ်သီး၊ကြက်သွန်ဖြူ၊ဆား
အရသာမှုန့်၊ငံပြာရည်၊မျှင်ငပိထည့်ပြီး ပြုတ်ပါ။ရေကို
အများကြီးထည့်ဖို့ မလိုပါ။သောက်ရေခွက်တခွက်စာ
လောက်ဆိုရပါပြီ။ခရမ်းချည်သီးနူးရင်တော့ အအေးခံထားပါ။အိုးထဲမှာ ပြုတ်ထားတဲ့အရည်ကျန်ရပါ
မယ်။အေးသွားရင် ခရမ်းချဉ်သီးကို အခွံခွာပါ။ခွာပြီးရင်
စဉ့်တီတုံးသန့်သန့်အပေါ်မှာ ခရမ်းချဉ်သီးတွေကို စင်းပါ
ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူကို ထောင်းပါ။ထောင်းထားတဲ့အထဲကို ခရမ်းချည်သီးထည့်ထောင်းပါ။ပြုတ်ထားတဲ့အရည်တွေကိုထည့်ပါ။နံနံပင်ညှပ်ထည့်ပါ။ကြက်သွန်နီပါးပါးလှီး
ထည့်ပါ။အရသာမြည်းပါ။လိုရင် ငံပြာရည်လေးထပ်
ထည့်ပါ။
ဒါဆို ထမင်းမြိန်တဲ့ ခရမ်းချဉ်သီးပန်ထွေဖျော်လေးရပါပြီ
