1 ပတ် - ဘာသာပြန်ပါ။

_စိတ်ညစ်မခံပါနဲ့ _
သူတစ်ပါးကြောင့်လည်း ကိုယ့်ကိုယ်ကိုယ် စိတ်ညစ်မခံနဲ့။ ကိုယ့်ကိုယ်ကိုယ်ကြောင့်လည်း စိတ်ညစ်မခံလိုက်ပါနဲ့။ လူတစ်ယောက်မှာ စိတ်က အဓိအကျဆုံးဖြစ်တယ်။ ဒါကြောင့် ဘာအတွက်နဲ့မှ ကိုယ့်ရဲ့စိတ်ကို စိတ်ညစ်မခံပါနဲ့။ ကိုယ့်စိတ်ကို ပျော်ရွှင်အောင်ထားပါ။
လူတစ်ယောက် စိတ်ပျော်ရွှင်နေရင် ရုပ်လည်း ပျော်ရွှင်လာမယ်။ ကိုယ့်စိတ်ကညစ်နေရင် ရုပ်လည်းကျဆင်းလာမယ်။ အောင်မြင်မှုတွေ ကျရှုံးမှုတွေ ပျော်ရွှင်မှုတွေ ဝမ်းနည်းမှုတွေ ချစ်ခြင်း မုန်းခြင်းတွေ သိပ်ပြီးခံစားမနေလိုက်ပါနဲ့။ အဲဒါတွေကို သာယာယစ်မူးပြီး ခံစားနေရင် စိတ်ပျော်ရွှင်မှုထက် စိတ်ညစ်စရာတွေပဲ ခံစားရဖို့များပါတယ်။
လောကမှာ နေရမယ့်အချိန်က တကယ်ရေတွက်ကြည့်ရင်နည်းနည်းလေးရယ်ပါ။ နေရမယ့်အချိန်လေးမှာ ကိုယ့်ကြောင့်လည်း သူတစ်ပါး စိတ်မညစ်စေနဲ့။ သူတစ်ပါးကြောင့်လည်း မိမိရဲ့စိတ်ကို အညစ်မခံပါနဲ့။ ကိုယ့်ဘဝအတွက် စိတ်အေးစေမယ့်အရာတွေ၊ ကိုယ့်ကြောင့် တစ်ပါးသူတွေ စိတ်ပျော်ရွှင်စေမယ့်အရာတွေကို ကိုယ်က ပြုလုပ်ပေးနိုင်အောင် ကြိုးစားပါ။
စိတ်ပျော်ရွှင်နေရင် ရုပ်ကလည်း ပြုပြင်စရာမလိုပဲ အလိုလိုနေရင်း ကြည့်လို့ကောင်းလာမှာပါ။ စိတ်ညစ်စေမယ့်အရာတွေကို ခေါင်းထဲမထည့်မိအောင်နေပါ။ စိတ်မကြည်လင်ဘူးဆိုရင် အပြောဆိုတွေ မှားလာမယ်။ မကောင်းတဲ့အရာတွေကို ပြုလုပ်လာမယ်။ ဒါကြောင့် မိမိရဲ့စိတ်ကို သူတစ်ပါးကြောင့်ဖြစ်စေ မိမိကြောင့်ဖြစ်စေ စိတ်ညစ်မခံပါနဲ့။ အတတ်နိုင်ဆုံး မိမိရဲ့စိတ်ကို ပျော်ရွှင်အောင်ထားပါ။
အရှင်ဇဝန (ရွှေကုန်းမြေ)

image