လုံခြုံရေးစိုးရိမ်မှုတွေကြောင့် အီရတ်ရှိ အမေရိကန်သံရုံးဝန်ထမ်းတွေကို ပြောင်းရွေ့
ဘဂ္ဂဒက်၊ ဇွန်-၁၂-၂၀၂၅
မျိုးဆက်(VOM)
ဘဂ္ဂဒက်ရှိ မရှိမဖြစ်မဟုတ်သော အမေရိကန်သံရုံးဝန်ထမ်းတွေနဲ့ မိသားစုတွေကို အီရတ်ကနေ ဘေးလွတ်ရာရွှေ့ပြောင်းဖို့ ညွှန်ကြားထားတယ်လို့ အမေရိကန်အစိုးရ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒီလိုပြောင်းရွှေ့ရမယ့် အကြောင်းရင်းကို အာဏာပိုင်တွေက အသေးစိတ်ထုတ်ဖော်ပြောဆိုခြင်းမရှိပေမယ့် မကြာသေးခင်ရက်ပိုင်းက အီရန်နျူကလီးယားအစီအစဉ်နဲ့ပတ်သက်ပြီး အမေရိကန်နဲ့ ဆွေးနွေးပွဲတွေ ရပ်တန့်သွားပုံပေါ်တယ်လို့ ဆိုပါတယ်။
ဘဂ္ဂရှိ မိမိတို့ရဲ့သံရုံးဝန်ထမ်းတွေရဲ့ အခြေအနေကို အဆက်မပြတ်အကဲဖြတ်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။ နောက်ဆုံးအခြေအနေ ခွဲခြမ်းစိတ်ဖြာမှုတွေအရ အီရတ်ရှိ သံရုံးမစ်ရှင်ကို လျှော့ချဖို့ ဆုံးဖြတ်လိုက်တယ်လို့ ပြောပါတယ်။
ဒါဟာ အန္တရာယ်ရှိတဲ့ နေရာတခုဖြစ်နိုင်တာကြောင့် ပြောင်းရွှေ့ရတာဖြစ်ပြီး ဘာဖြစ်မလဲဆိုတာ စောင့်ကြည့်ရမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကပြောပါတယ်။
အီရန်နဲ့ အမေရိကန်တို့အကြာ ရက်သတ္တပတ်ကြာ ဆွေးနွေးမှုများပြီးနောက် သံရုံးဝန်ထမ်းတွေကို ပြောင်းရွေ့ဖို့ စီစဉ်လာတာဖြစ်ပြီး ဒေါ်နယ်ထရန့်ကတော့ အီရန်ရဲ့ နျူကလီးအစီအစဉ်ကို ရပ်တန့်ရေး သဘောတူညီချက်တရပ် မျှော်လင့်ထားပါတယ်။
ဒါပေမယ့်လည်း အီရန်ဟာ ယူရေနီယံသန့်စင်မှုတွေကို ရပ်တန့်နိုင်ခြေနည်းပါးတယ်လို့ ဒေါ်နယ်ထရန့်က မနေ့က ပြောပါတယ်။ ဆွေးနွေးပွဲမအောင်မြင်ဘူးဆိုရင် ဒေသတွင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းတွေကို လက်တုံ့ပြန်မယ်လို့ အီရန်ကာကွယ်ရေးဝန်ကြီးက သတိပေးထားပြီး အမေရိကန်ကလည်း စစ်ရေးအရ ရေးယူမယ်လို့ ခြိမ်းခြောက်ထားပါတယ်။
