1 ပတ် - ဘာသာပြန်ပါ။

ငါ့အယူအဆက
ဘယ်အရာမဆို ထာဝရမဟုတ်ဘူး။
ဒုက္ခသည်လည်းပဲ ထိုနည်းလည်းကောင်းပေါ့။
ငါးမျှားတံမှာ တပ်ထားတဲ့ ဖော့ဖြူဖြူလေးလိုပေါ့။ လောကဓံဟာ ငါးတွေ ဆိုပါတော့။
ငါးအဆွဲမှာ ဖော့ကလေးဟာ မြုပ်မြုပ်သွားတယ်။ ထာဝရ မဟုတ်ဘူး။
ရေပေါ် ပြန်ပေါ်လာတာချည့်ပဲ။ အဲ့ဒါပါပဲ။
ငါ မင်းတို့ကို မိုတီဗိတ်တာလည်း မဟုတ်ပါဘူး။
တက်ကျမ်းတွေ ကျကျမ်းတွေအပေါ်
ငါဘယ်တုန်းကမှ အယုံအကြည်
မရှိဖူးခဲ့တဲ့အတွက် လူစွာလုပ်တဲ့ကိစ္စကို
မစင်ဘင်ပုတ်တွေလို ရွံရှာတယ်။
ငါထင်တာ ငါပြောတာပါပဲ။
မင်းတို့မေးတဲ့အခါ ငါဖြေပါတယ်။
ငါ့ရင်ထဲမှာ မကြောက် တရားရယ်။
ဒုက္ခဆိုတာ ငါးမျှားတံက
ဖော့ဖြူဖြူလေးဆိုတာရယ် အဲ့ဒီနှစ်ခုပါပဲ။
ပါပီယွန်ဇာတ်လမ်းထဲမှာ
ပါပီယွန်က သူ့သူငယ်ချင်း လူဝီဒတ်ဂါးကို
ပြောတဲ့ စကား တစ်ခွန်းရှိတယ်။
❛ အရေးအကြီးဆုံးတစ်ချက်က
ငါတို့ အသက်ရှင်နေသေးတယ် ဆိုတာပဲ ❜ တဲ့။
အဲ့ဒီစာကြောင်းလေးနဲ့
ငါအသက်ရှင်သန်ခဲ့ဖူးတယ်။ ဒါပါပဲ။
• ပါပီယွန် •
▪️ငါးမျှားတံထိပ်ဖျားက ဖော့ဖြူဖြူ ဒုက္ခတရား

image