1 ပတ် - ဘာသာပြန်ပါ။

Nintendo ရဲ့ ဂိမ်းစက်အသစ်စက်စက် Switch 2 ဟာ ဈေးကွက်ထဲရောက်ပြီး ရက်ပိုင်းအတွင်းမှာပဲ ကုမ္ပဏီရဲ့အရောင်းစံချိန်တွေကို ရိုက်ချိုးလိုက်ပါပြီ။
စတင်ရောင်းချခဲ့တဲ့ ပထမ ၄ ရက်အတွင်းမှာပဲ ကမ္ဘာတစ်ဝန်း အလုံးရေ ၃.၅ သန်းကျော် ရောင်းချနိုင်ခဲ့ပြီး Nintendo သမိုင်းမှာ အရောင်းအမြန်ဆုံး ဂိမ်းစက်ဖြစ်လာခဲ့ပါတယ်။
အရင် မူလ Switch တုန်းက အလုံးရေ ၂.၇ သန်းရောင်းရဖို့ တစ်လနီးပါး အချိန်ယူခဲ့ရတာနဲ့ ယှဉ်ရင် အခုအောင်မြင်မှုက အလွန်ကြီးမားပါတယ်။
အောင်မြင်မှုရဲ့ လျှို့ဝှက်ချက် Mario Kart World Bundle
ဒီလိုစံချိန်တင်ရောင်းအားရဲ့ နောက်ကွယ်က အဓိကတွန်းအားတစ်ခုကတော့ Mario Kart World Bundle ပါပဲ။ ဒီ Bundle မှာ ဂိမ်းစက်အပြင် Mario Kart World ဂိမ်းကိုပါ တစ်ခါတည်းထည့်ပေးထားပြီး သီးခြားစီဝယ်တာထက် ဒေါ်လာ ၄၀ လောက် သက်သာစေပါတယ်။ Nintendo က ဒီ Bundle ကို အကန့်အသတ်နဲ့သာ ထုတ်လုပ်သွားမယ်လို့ ဆိုထားတာကြောင့် ဝယ်လိုအားကို ပိုတိုးစေခဲ့ပါတယ်။
အခွန်ပြဿနာတွေကြားက ပရိသတ်တွေရဲ့ စိုးရိမ်မှု
ဒါပေမဲ့ ဒီလိုမရောင်းခင်ကတော့ အမေရိကန်ရဲ့ သွင်းကုန်ခွန် (Tariff) ပြဿနာတွေကြောင့် ပရိသတ်တွေကြား စိုးရိမ်မှုတွေ ရှိခဲ့ပါတယ်။ သမ္မတ Trump က Nintendo စက်ရုံရှိရာ ဗီယက်နမ်အပေါ် အခွန် ၄၆% တိုးမြှင့်ကောက်ခံမယ်လို့ ကြေညာခဲ့တာကြောင့် Nintendo ဟာ Pre-order လက်ခံမယ့်ရက်ကို ရွှေ့ဆိုင်းခဲ့ရပါတယ်။
ဒီအခြေအနေကြောင့် ဂိမ်းစက်ရဲ့ဈေးနှုန်း $449.99 ထက် အများကြီး ပိုတက်သွားမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ Pre-order ပြန်ဖွင့်ချိန်မှာ အလုအယက် ဝယ်ယူခဲ့ကျတဲ့အထိ ဖြစ်ခဲ့ပါတယ်။
သူငယ်ချင်းတို့ထဲမှာရော Switch 2 ကို စောင့်နေတဲ့သူတွေ ရှိလား?
မြန်မာပြည်ရောက်ရင် ဘယ်လောက်ဈေးလောက်ရှိမယ်လို့ ထင်ကြလဲ?

image