ဗီဇာရက်ကျော်မှုနဲ့ အမေရိကန်မှာ အထိန်းသိမ်းခံခဲ့ရတဲ့ ခါဘီလိန်း
TikTok မှာ follower အများဆုံး creator ခါဘီလိန်းတစ်ယောက် အမေရိကန်က လေဆိပ်တစ်ခုမှာ အထိန်းသိမ်းခံခဲ့ရပါတယ်။
Met Gala ဖက်ရှင်ပွဲတက်ပြီး ဗီဇာရက်ကျော်နေထိုင်မှုနဲ့ ဇွန်လ ၆ ရက်နေ့မှာ သူ့ကို Harry Reid နိုင်ငံတကာလေဆိပ်မှာ လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာန ICE က ဖမ်းဆီးလိုက်တာပါ။
လူဝင်မှုကြီးကြပ်ရေးစည်းကမ်းဖောက်မှုနဲ့ ချုပ်ထားပေမယ့် အဲ့ဒီနေ့မှာပဲ လွှတ်ပေးလိုက်ပြီး အမေရိကန်က ထွက်ခွာခိုင်းလိုက်တယ်လို့ ဆိုပါတယ်။ ခါဘီလိန်းက ဆီနီဂေါဖွား အီတလီနိုင်ငံသား ခံယူထားသူပါ။
Covid-19 ကပ်ဘေးမှာ စက်ရုံအလုပ်က ပြုတ်ပြီးနောက် သူ့ရဲ့ စကားမပြောဘဲ လက်ဟန်ခြေဟန်လုပ်ပြတဲ့ ဟာသဗွီဒီယိုတွေကနေ Social Media မှာ ကမ္ဘာကျော် ဖြစ်လာသူပါ။ ခါဘီလန်းက TikTok မှာ Follower ၁၆၂ သန်းကျော် နဲ့ likes ၂.၅ ဘီလျံ ရထားသူပါ။
အသက် ၂၅ နှစ်အရွယ် ခါဘီလိန်းက post တစ်ခုကို ဒေါ်လာ ၇ သိန်းခွဲဝန်းကျင် ပိုက်ဆံရနေတဲ့ TikTok ရဲ့ ဝင်ငွေအကြမ်းဆုံး content creator တစ်ဦးဖြစ်ပြီး TikTok က သူ့ကို ၂၀၂၄ မှာ ဒေါ်လာသန်း ၂၀ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
