1 w - Translate

120Hz display နဲ့ Helio G81 Ultra သုံး ဒေါ်လာ ၁၄၀ တန် Honor ဖုန်း

AI Button ပါပြီး ဈေးသက်သာတဲ့ Honor X6c ဖုန်း global ဝင်လာပါတယ်။

Honor X6b ရဲ့ နောက်မျိုးဆက်ဖြစ်တဲ့ ဒီမော်ဒယ်က အရင်ထက်ဘက်ထရီ ပိုကြီးသလို ခေတ်မီ punch-hole ဒီဇိုင်းနဲ့ ပိုသေသပ်လာတဲ့ဖုန်းပါ။ Honor X6c ရဲ့ နောက်ထူးခြားချက်က AI features တွေ ခေါ်သုံးနိုင်မယ့် ခလုတ်သီးသန့် ပါလာတာပါ။

ဘတ်ဂျက်ဖုန်းတစ်လုံးဖြစ်လို့ TFT LCD panel သုံးပြီး resolution HD+ ပဲ ပါပေမယ့် 120Hz refresh rate သုံးတာနဲ့ peak brightness မှာ 1000 nits အထိ ထွက်တာက အတော်တာသွားပါတယ်။ Screen Size က ၆.၆၁ လက်မဖြစ်ပြီး လက်ဗွေကို ပါဝါခလုတ်ထဲ ထည့်ထားသလို Headphone Jack လည်း ပါလို့ ကြိုးနားကြပ်နဲ့ သီချင်းနားထောင်ချင်သူတွေအတွက် အဆင်ပြေမယ့်ဖုန်းပါ။

2GHz အထိ ထွက်တဲ့ MediaTek ထုတ် Helio G81 Ultra SoC ကို RAM 6/8GB နဲ့ 128/256GB storage တွေနဲ့ ထွက်ထားသလို microSD card ကနေလည်း 1TB အထိ ထပ်တိုးနိုင်ပါလိမ့်မယ်။ ကင်မရာတွေက အရင်မော်ဒယ်အတိုင်း အပြောင်းအလဲ မရှိပါဘူး။

ကျောဘက်မှာ 50MP Main sensor နဲ့ အကူ QVGA depth lens တစ်ခု ၊ ရှေ့ဘက် 5MP Selfie ကင်မရာတစ်ခုတို့ ပါပါမယ်။ ဘက်ထရီပါဝါ 5300mAH ကို သုံးပြီး 35W charging ပါပါတယ်။ ဆော့ဖ်ဝဲလ်ကိုတော့ Android 15 ကို အခြေခံထားတဲ့ Magic OS9 နဲ့ ထွက်ထားပါတယ်။

မလေးရှားဈေးကွက်ထဲမှာတော့ Honor X6c ကို Ocean Cyan , Moonlight White နဲ့ Midnight Black ကာလာတွေနဲ့ ထွက်ပြီး မလေးရင်းဂစ်ငွေ ၅၉၉ (မြန်မာငွေ ၆ သိန်း ၃ သောင်းဝန်းကျင်) ဈေးနဲ့ စတင်ရောင်းချနေပါတယ်။

image