အထာက်အထားမဲ့တွေ ဖမ်ဆီးမှု အမေရိကန်မြို့ကြီး ၁၀ မြို့ထက်မနည်းမှာ ဆန္ဒပြမှုတွေ ဖြစ်ပွားနေ
လော့စ်အိန်ဂျလိစ်၊ ဇွန်-၁၁-၂၀၂၅
ရတီ(VOM)
အထောက်အထားမဲ့တွေကို စီးနင်းဖမ်းဆီးမှုအပေါ် ဆန္ဒပြပွဲတွေအတွင်း လုယက်မှုနဲ့ အကြမ်းဖက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ လော့စ်အိန်ဂျလိစ်မြို့လယ်ရှိ အစိတ်အပိုင်းတွေကို မြို့တော်ဝန် ကာရန်ဘက်စ်က ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။
ညမထွက်ရအမိန့် ထုတ်ပြန်ပြီးနောက် မြို့လယ်မှာ မတော်တဆ သို့မဟုတ် တမင်တကာ အမိန့်ဖီဆန်မှုတွေရှိနေပြီး ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ လော့စ်အိန်ဂျလိစ်မှာ ဖြစ်ပွားနေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ကယ်လီဖိုးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင်နယူဆန်က သမ္မတထရန့်ကို ပြစ်တင်ဝေဖန်ထားပါတယ်။
ဒေါ်နယ်ထရန့်ကတော့ ဆန္ဒပြသူတွေဟာ ငြိမ်းချမ်းရေးနဲ့ အများပြည်သူတည်ငြိမ်ရေးတို့ကို တိုက်ခိုက်နေတယ်လို့ ပြစ်တင်ပြောဆိုထားပြီး အမျိုးသားအစောင့်တပ် ၂၀၀၀ စေလွှတ်ပြီးနောက်မှာ နောက်ထပ် ၂၀၀၀ နဲ့ မရိန်းတပ်ဖွဲ့ဝင် ၇၀၀ ကိုပါ စေလွှတ်ထားပါတယ်။
မြို့တော်ဝန် ကာရန်ဘက်စ်ကတော့ သမ္မတထရန့်အနေနဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာနရဲ့ စီးနင်းဖမ်းဆီးမှုတွေကို ရပ်တန့်ဖို့ တိုက်တွန်းထားပြီး ရွေ့ပြောင်းနေထိုင်သူတွေဟာ ဒေသစီးပွားရေးအတွက် ပံ့ပိုးကူညီမှုတွေကို ထည့်တွက်ရမယ်လို့ ဆိုပါတယ်။
အထောက်အထားမဲ့တွေကို ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး လော့စ်အိန်ဂျလိစ်အပြင် နယူးယောက်၊ အတ္တလန်တာ၊ ချီကာဂို၊ ဖီလာဒဲလ်ဖီးယား၊ ဒါးလက်စ်၊ အော်စတင်နဲ့ ဆန်ဖရန်စစ္စကိုအပါအဝင် အမေရိကန်မြို့ကြီး 10 မြို့ထက်မနည်းမှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားနေပါတယ်။
တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူးကလည်း စီစဉ်ထားတဲ့ ဆန္ဒပြပွဲတွေမတိုင်ခင်မှာ အမျိုးသားအစောင့်တပ်ကို ချထားကြောင်း အတည်ပြုထားပါတယ်။ တချိန်တည်းမှာပဲ နယူးယောက်မှာလည်း လူဝင်မှုကြီးကြပ်ရေး ဖမ်းဆီးမှုတွေအပေါ် လူထောင်ပေါင်းများစွာ ဆန္ဒပြခဲ့ကြပြီး ဖမ်းဆီးမှုတွေ ရှိခဲ့ပါတယ်။
Ref:BBC




