တောင်းဝိုင်းတောင် တက်ဖို့ စဥ်းစားထားရင် သိထားသင့်တဲ့ အချက် ၅ ချက်
ကျွန်တော်တို့ Line ပေါ်မှာ ကောင်မလေး/ကောင်လေးတွေ တောင်ဝိုင်းတောင်ပေါ်မှာ ပုံလှလှလေးတွေ ရိုက်တင်တာ မြူခိုးတွေနဲ့ အရမ်းလှနေတဲ့ တောင်ပေါ်မြင်ကွင်းတွေကို မကြာခဏ တွေ့မြင်ဖူးကျမှာ ဖြစ်ပါတယ်။
သဘာဝအလှကို ကိုယ်တိုင်မြင်တွေ့လိုတဲ့ စိတ် ပုံလှလှလေးတွေတွေ့တိုင်း ငါသာ သူနေရာမှာသာ ဆိုရင်ဖြင့် အရမ်းလှနေမှာ ဆိုတဲ့ အတွေးနဲ့ တောင်ဝိုင်းကို တစ်ခေါက်လောက်တက်ဖူးခြင်လိုက်တာလို့ တွေးမိတာမှာ အမှန်ပဲ ဖြစ်ပါတယ်။
တောင်တက်ချိန်ကလဲ ၁နာရီကျော်လေးပဲ အရမ်းကြီးမမြင့်ဖူး တက်ရတာ အဆင်ပြေမှာပါလို့ တွေးထားတဲ့သူတွေအတွက် ဒီအောက်က အချက်တွေကို တစ်ချက်လောက် ပြန်ဆန်းစစ်စေခြင်ပါတယ်။
၁ တောင်တက် ဖိနပ်
တောင်ပေါ်က ပုံတွေမှာ ခြေပြောင်နဲ့တွေ့တိုင်း ကြုံရာဖိနပ်နဲ့ တက်မယ်ဆိုရင် အပြန် ခြေပြောင်နဲ့ ဆင်းဖို့ ကြိုတွေးထားပါ တောင်တက် ဖိနပ်မပါရင် တောင်ခြေက လှည့်ပြန်တာ ပိုကောင်းပါလိမ့်မယ်။(တောင်ပေါ်မှာ ဖိနပ်မစီးရပါဘူး)
၂ လျှော့မတွက်ပါနဲ့
တောင်တက်ချိန် ၁နာရီကျော်လေးပဲ အရမ်းကြီးမမြင့်ဖူး တက်ရတာ အဆင်ပြေမှာပါလို့ တွေးထားတဲ့သူတွေ ပထမ ၁၅ မိနစ်ကျော်တာနဲ့ ခြေမက ချွေး နဖူးပြန်ရောက်ပြီ မှတ်လိုက်ပါ လှေကားထစ်တွေ မတ်ပါတယ်။
၃ မိုးကာ မလိုပါ
ခေါင်းစခြေဆုံး စွပ်လို့ရတဲ့ မိုးကာတွေ ဝတ်လာရင် မိုးကာက မိုးမကာပဲ ကျောပိုးအိတ်ထဲက မိုးလုံ လေလုံလေး အိမ်ပြန်ပါ သွားမှာ ဖြစ်ပါတယ် အဲ့ မိုးကာတွေက တောင်တက်လို့ လုံးဝ အဆင်မပြေပါဘူး။
၄ တောင်ပေါ်မှာ ဘာမှမရောင်းပါ
လူတစ်ယောက် ရေတစ်ဘူး အနည်းဆုံး သယ်ပါ လမ်းမှာ မောတိုင်း စွပ်မသောက်ပဲ တောင်ပေါ်မှာ သောက်ဖို့ ရေ ချန်ထားပါ တောင်ပေါ်မှာ ဘာမှ မရောင်းပါဘူး။
၅ တစ်ယောက်ထဲ မတက်ပါနဲ့
လင်းတဲ့ အချိန် တက်တာကို မပြောလိုပေမယ့် တက်ကြွတဲ့ ကြက်ဖလုပ်ပြီး မိုးမလင်းခင် ထတက်ရင် အဆင်ပြေမှာ မဟုတ်ပါဘူး အဖော်ရအောင် စောင့်တက်ပါ။
တော်ရုံ ကျန်းမာရေး ကောင်းရင် တက်လို့ရပါတယ် သူများ ၁နာရီတက်တယ် ကိုယ် ၂နာရီတက်မှ ရောက်လဲ ဒါပါပဲ ဘာမှ မကွာပါဘူး ဖြေးဖြေးအေးအေး တက်ပါ မောရင် မောတဲ့နေရာ နားပါ အမောပြေမှတက်ပါ။
ဘယ်လို လူမျိုးတွေ မတက်သင့်ဘူးလဲ ???
ကိုယ်ဝန်ဆောင်တွေ သက်ကြီးရွယ်အိုတွေ လုံးဝ မတက်သင့်ပါဘူး ဒီနေ့ တောင်တက်တဲ့ လမ်းမှာ ကိုယ်က အဆင်း ဗိုက်ဗိုက် တစ်ယောက် ကုပ်ချိကုပ်ချိနဲ့ တက်လာတာ မြင်လို့ ထည့်ရေးတာပါ။
ဘယ်လောက် လ နုနု မတက်ပါနဲ့ တောင်တက်လမ်း တစ်ချို့နေရာတွေ ချောပါတယ် ဘာမှ မဖြစ်ရင် ဘာမှမဖြစ်တာကို သိပေမဲ့ တစ်ခုခုဖြစ်ရင် တစ်ခုခုဖြစ်တက်ပါတယ်။
ကျန်တာကို ပုံလေးတွေနှိပ်ပြီး ဆက်ကြည့်ပေးပါ ခင်ဗျ
#သွားမယ်&တည်းမယ်
