2 ပတ် - ဘာသာပြန်ပါ။

တောင်းဝိုင်း​တောင် တက်ဖို့ စဥ်းစားထားရင် သိထားသင့်တဲ့ အချက် ၅ ချက်
ကျွန်​တော်တို့ Line ​ပေါ်မှာ ​ကောင်မ​လေး​/​ကောင်​လေး​တွေ ​တောင်ဝိုင်း​တောင်​ပေါ်မှာ ပုံလှလှ​လေး​တွေ ရိုက်တင်တာ မြူခိုး​တွေနဲ့ အရမ်းလှ​နေတဲ့ ​တောင်​ပေါ်မြင်ကွင်း​တွေကို မကြာခဏ ​တွေ့မြင်ဖူးကျမှာ ဖြစ်ပါတယ်။
သဘာဝအလှကို ကိုယ်တိုင်မြင်တွေ့လိုတဲ့ စိတ် ပုံလှလှ​လေး​တွေ​တွေ့တိုင်း ငါသာ သူ​​နေရာမှာသာ ဆိုရင်ဖြင့် အရမ်းလှ​နေမှာ ဆိုတဲ့ အ​တွေးနဲ့ ​တောင်ဝိုင်းကို တစ်​ခေါက်​လောက်တက်ဖူးခြင်လိုက်တာလို့ ​တွေးမိတာမှာ အမှန်ပဲ ဖြစ်ပါတယ်။
​တောင်တက်ချိန်ကလဲ ၁နာရီ​ကျော်​လေးပဲ အရမ်းကြီးမမြင့်ဖူး တက်ရတာ အဆင်ပြေမှာပါလို့ ​တွေးထားတဲ့သူ​တွေအတွက် ဒီ​အောက်က အချက်​တွေကို တစ်ချက်​လောက် ပြန်ဆန်းစစ်​စေခြင်ပါတယ်။
၁ ​​​တောင်တက် ဖိနပ်
တောင်​ပေါ်က ပုံ​တွေမှာ ​ခြေ​ပြောင်နဲ့​တွေ့တိုင်း ကြုံရာဖိနပ်နဲ့ တက်မယ်ဆိုရင် အပြန်​ ခြေ​ပြောင်နဲ့ ဆင်းဖို့ ​ကြိုတွေးထားပါ ​တောင်တက် ဖိနပ်မပါရင် ​တောင်​ခြေက လှည့်ပြန်တာ ပို​ကောင်းပါလိမ့်မယ်။(တောင်​ပေါ်မှာ ဖိနပ်​မစီးရပါဘူး)
၂ ​လျှော့မတွက်ပါနဲ့
တောင်တက်ချိန် ၁နာရီ​ကျော်​လေးပဲ အရမ်းကြီးမမြင့်ဖူး တက်ရတာ အဆင်ပြေမှာပါလို့ ​တွေးထားတဲ့သူ​တွေ ပထမ ၁၅ မိနစ်​ကျော်တာနဲ့ ​ခြေမက ​ချွေး နဖူးပြန်​ရောက်ပြီ မှတ်လိုက်ပါ ​လှေကားထစ်​တွေ မတ်ပါတယ်။
၃ ​မိုးကာ မလိုပါ
ခေါင်းစ​ခြေဆုံး စွပ်လို့ရတဲ့ မိုးကာ​တွေ ဝတ်လာရင် မိုးကာက မိုးမကာပဲ ​ကျောပိုးအိတ်ထဲက မိုးလုံ ​လေလုံ​လေး အိမ်ပြန်ပါ သွားမှာ ဖြစ်ပါတယ် ​အဲ့ မိုးကာ​တွေက တောင်တက်လို့ လုံးဝ အဆင်မ​ပြေပါဘူး။
၄ ​တောင်​ပေါ်မှာ ဘာမှမ​ရောင်းပါ
လူတစ်​ယောက် ​ရေတစ်ဘူး အနည်းဆုံး သယ်ပါ ​​လမ်းမှာ ​မောတိုင်း စွပ်မ​​သောက်ပဲ ​တောင်​ပေါ်မှာ ​သောက်ဖို့ ​ရေ ချန်ထားပါ တောင်​​ပေါ်မှာ ဘာမှ မ​ရောင်းပါဘူး။
၅ တစ်​ယောက်ထဲ မတက်ပါနဲ့
လင်းတဲ့ အချိန် တက်တာကို မ​ပြောလို​ပေမယ့် တက်ကြွတဲ့ ကြက်ဖလုပ်ပြီး မိုးမလင်းခင် ထတက်ရင် အဆင်​ပြေမှာ မဟုတ်ပါဘူး အ​ဖော်​ရ​အောင် ​စောင့်တက်ပါ။
​တော်ရုံ ကျန်းမာ​ရေး ​​ကောင်းရင် တက်လို့ရပါတယ် သူများ ၁နာရီတက်တယ် ကိုယ် ၂နာရီတက်မှ ​ရောက်လဲ ဒါပါပဲ ​ဘာမှ မကွာပါဘူး ​ဖြေး​ဖြေး​အေး​အေး တက်ပါ ​မောရင် ​မောတဲ့​နေရာ နားပါ အ​မော​ပြေမှတက်ပါ။
ဘယ်လို လူမျိုး​တွေ မတက်သင့်ဘူးလဲ ???
ကိုယ်ဝန်​ဆောင်​တွေ သက်ကြီးရွယ်အို​တွေ လုံးဝ မတက်သင့်ပါဘူး ဒီ​နေ့ ​တောင်တက်တဲ့ လမ်းမှာ ကိုယ်က အဆင်း ဗိုက်ဗိုက် တစ်​ယောက် ကုပ်ချိကုပ်ချိနဲ့ တက်လာတာ မြင်လို့ ထည့်​ရေးတာပါ။
ဘယ်​လောက် လ နုနု မတက်ပါနဲ့ ​တောင်တက်လမ်း တစ်ချို့​နေရာ​တွေ ​ချောပါတယ် ဘာမှ မဖြစ်ရင် ဘာမှမဖြစ်တာကို သိပေမဲ့ တစ်ခုခုဖြစ်ရင် တစ်ခုခုဖြစ်တက်ပါတယ်။
ကျန်တာကို ပုံ​လေး​တွေနှိပ်ပြီး ဆက်ကြည့်​ပေးပါ ခင်ဗျ
#သွားမယ်&တည်းမယ်

imageimage
+4