2 ပတ် - ဘာသာပြန်ပါ။

ပဲဇောင်း(ရှား)ယားစိုက်ပျိုးနည်း🌱🌱🌱
===================ပဲဇောင်းယားကိုပြုပ်စား၍သော်လည်ကောင်း သုပ်စား၍သော်လည်ကောင်း သီစုံဟင်းချက်၍သော်လည်ကောင်းချက်ပြုပ်ကြသည်။
ပဲဇောင်းယားမြစ်သည်လူတိုင်းစားသုံးကြသည့်ပဲမြစ်ပင်ဖြစ်လေသည်။
ပဲဇောင်းယားစိုက်မည့်မြေနေရာတွင် အမှိုက်များစုပုံမီးရှို့ပါကပို၍ကောင်းပါသည်။ထို့နောက်မြေကိုညက်အောင်ပြုပြင်ပြီးနွားချေး မြေဆွေးအစရှိသည်တိုါနင့်သမအောင်ရောနှောရပါမည်။
အရှည်ပေ၂၀ အကျယ်၁ပေနှင့်အမြင့်၁ပေခန့်ရှိသောဘောင်ကလေးများပြုလုပ်ပေးရပါမည် တစ်ဘောင်နင့်တစ်ဘောင်အလျားလိုက်မြောင်းဆွဲပြီး မြောင်းထဲတွင် ၂ပေအကွာထား၍ ကျင်းကလေးများတူးရပါမည်။တစ်ကျင်းလျှင်မျိုးစေ့၂စေ့ ၃စေ့ကိုဖုံးအုပ်စိုက်ပျ်ုးရပါမည်။
အပင်ကလေးများတစ်ထွာတစ်မိုက်ခန့်ရောက်၍နှာမောင်းကလေးများထွက်ပေါ်လာသောအခါပေါင်းလိုက်ချင်း မြေဆွချင်း တိုင်ထောင်စင်ကလေးများပြုလုပ်ပေးရပါမည်။
မိုးဦးကာလစိုက်ပျိုးသောအပင်များကို စိုက်ပျိုးပြီးရက်ပေါင်း၉၀ခန့်အကြာတွင်ခူးဆွတ်ရပါသည်။

image