ဖရုံရွက်ကြော်
+++++++++
လွယ်ကူရိုးရှင်းပြီး အရမ်းစားလို့မြိန်တဲ့ ဖရုံရွက်ကြော်မွှေးမွှေးလေး ကြော်စားကြမယ်နော်။ ဖရုံရွက်တွေကို သင်ပြီး ရေစိမ်ထားပြီး ခနနေ ဆေးပါတယ်။
ကြက်သွန်ဖြူနီ ဓါးပြားရိုက် ဆီသပ်ပြီး ဖရုံရွက်များထည့်ပြီး မွှေပေးပါတယ်။
ဆား ဟင်းခပ်မှုန့် ထည့်ပြီး ရေနွေးလေးနည်းနည်းထည့်ပါ ဖရုံရွက်လေးတွေအိလာရင် ပုဇွန်ပေါ့ခြောက်လေးအုပ်ပြီး ခနနေ အိုးချ စားလို့ရပါပြီရှင်။
+++++++++++++++++++++++++++++++++++
