ကြက်ပဲရည်သုပ်အလွယ်လုပ်နည်း 😛🤩
-------------------
အသုံးပြုမည့်ကြက်သားများအား ဆား၊နံနွင်း၊မဆာလာအနည်းငယ်ဖြင့် နယ်ပြီးမိနစ်၂၀ခန့်နှပ်ထားပေးပါ။
ပဲစိမ်းမှုန့်ထမင်းစားဇွန်း၄ဇွန်းခန့်နှင့်ဆားအနည်းငယ်ထည့်၍ရေဖျော်ထားပါ။
နှပ်ထားသောကြက်သားများအား ဂျင်း၊ကြက်သွန်ဖြူထောင်းထည့်၍ ရေဖြင့် မိနစ်၃၀ခန့်ပြုတ်ပါ။
ကြက်သားမှထွက်လာသော အမြှပ်နှင့်ဆီများအားဖယ်ထုတ်ပစ်ပါ။
ထို့နောက်ကြက်သားများအားဆယ်ထားပါ။
ကြက်ပြုတ်ရည်ကို ပဲရည်ချက်ရန်အတွက်သီးသန့်ဖယ်ထားပါ။
အရည်ချက်ရန် ကြက်သွန်နီ/ဖြူ ရောထောင်းပြီး ဆီအနည်းငယ်ဖြင့်ဆီသတ်ပါ။မဆလာအနည်းငယ်ထည့်ပါ။
အနံ့မွှေးလာလျင် ကြက်ပြုတ်ရည်ထည့်ပါ၊ကြက်ပြုတ်ရည်ပွက်လာလျင် ပဲစိမ်းမှုန့်ဖျော်ထားသောအရည်ကိုဖြေးဖြေးချင်းထည့်ပြီး မွှေပါ။
ပဲစိမ်းနံ့ပျောက်ပြီး မွှေးလာလျင် ပြုတ်ထားသောကြက်သားများ အနေတော်လှီးထည့်ပြီး ရှောက်ရွက်၊ဂေါ်ဖီ၊ပူစီနံ၊ငရုတ်သီးမှုန့်နှင့်သံပုရာသီးထည့်၍ စားသုံးနိုင်ပါပြီရှင်
