#ယနေ့ထုတ်သတင်းစာ_အားကစားသတင်း
◼ အသင်းခေါင်းဆောင်ရာထူးမှဖြုတ်ချခံရပြီးနောက် ပိုလန်အတွက်မကစားရန် လီဝန်ဒေါစကီး ဆုံးဖြတ်
ဘာစီလိုနာတိုက်စစ်မှူး လီဝန်ဒေါစကီးသည် ပိုလန်လက်ရွေးစင်အသင်း၏ ကပ္ပတိန်ရာထူးမှ ထုတ်ပယ်ခံခဲ့ရပြီးနောက် လက်ရှိနည်းပြ မီချယ်ပရိုဘီရက်ဇ်၏ လက်အောက်တွင် ၎င်း၏နိုင်ငံအသင်းအတွက် ထပ်မံကစားတော့မည်မဟုတ်ကြောင်း အတိအလင်းထုတ်ဖော်ပြောဆိုလိုက်ပြီ ဖြစ်သည်။
ပိုလန်အသင်းနည်းပြပရိုဘီရက်ဇ်သည် ၎င်းအသင်း၏ကပ္ပတိန်လက်ပတ်ကို လီဝန်ဒေါစကီးထံမှသိမ်းယူ၍ အင်တာမီလန် ကွင်း လယ်ကစားသမား ပီအိုတာဇီလင်စကီးကို ပြောင်းလဲပေးအပ်သည့် ၎င်း၏ပုဂ္ဂိုလ်ရေးဆိုင်ရာဆုံးဖြတ်ချက်ကို အသင်းအား အသိပေးခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် လီဝန်ဒေါစကီးမှာ စိတ်ပျက်မှုများ ဖြစ်ပေါ်ခဲ့ရပြီးနောက် ၎င်း၏လူမှုကွန်ရက်မီဒီယာမှတစ်ဆင့် “အခြေအနေတွေကို တွေးတောခဲ့ပြီး ပိုလန်လက်ရွေးစင်အသင်းနည်းပြ အပေါ် ယုံကြည်မှုက ဆုံးရှုံးသွားခဲ့ရပါတယ်။ သူနည်းပြအဖြစ် ဆက်ရှိနေသရွေ့ ပိုလန်အတွက်ပြန်မကစားဖို့ ကျွန်တော်ရွေးချယ်ဆုံးဖြတ်လိုက် ပါတယ်။ ကမ္ဘာ့အကောင်းဆုံးပရိသတ်တွေဖြစ်တဲ့ ပိုလန်ပရိသတ်တွေအတွက် ကျွန်တော်ကွင်းအတွင်းမှာ ပြန်လည်ကစားနိုင်ဖို့ကိုတော့ မျှော်လင့်ထားပါတယ်”ဟု ၎င်း၏နုတ်ထွက်မှုနှင့် ပတ်သက်၍ အသိပေးရေးသားမျှဝေသွားခဲ့ခြင်းလည်းဖြစ်သည်။
အသက် (၃၆) နှစ်အရွယ်ရှိပြီဖြစ်သည့် ဘာစီလိုနာတိုက်စစ်မှူး လီဝန်ဒေါစကီးသည် ၂ဝ၁၄ ခုနှစ်ကတည်းက ပိုလန်အသင်း၏ ကပ္ပတိန်အဖြစ် တာဝန်ယူခဲ့ကာ နိုင်ငံ့အသင်းအတွက်စုစုပေါင်း ၁၅၈ ပွဲပါဝင်ကစားပြီး ၈၅ ဂိုးသွင်းယူကာ ဂိုးအများဆုံးသွင်းယူသူအဖြစ် ရပ်တည်နေသူလည်း ဖြစ်သည်။

image