2 ပတ် - ဘာသာပြန်ပါ။

BODY TYPE NUTRITION
ကိုယ်ခန္ဓာပုံစံအနေအထားနှင့်စပ်လျဉ်းလို့“ဆိုမာတိုထိုက်ပ်စ်”(Somatotypes)လို့ခေါ်တဲ့ကိုယ်ခန္ဓာအမျိုးအစားအခြေခံအားဖြင့်အောက်ပါအတိုင်းပုံသဏ္ဌာန်(၃)မျိုးရှိပါတယ်။
(၁) “အက်တိုမော့်ပ်”(Ectomorphic Type)လို့ခေါ်တဲ့ကိုယ်ခန္ဓာအသေးစားအပိန်စား၊
(၂) “မက်ဆိုမော့ပ်”(Measomorphic Type)လို့ခေါ်တဲ့ကိုယ်ခန္ဓာအလတ်စား၊
(၃) “အင်ဒိုမော့ပ်”(Endomorphic Type)လို့ခေါ်တဲ့အကြီးစားအ၀စား။
အဲဒီကိုယ်ခန္ဓာအမျိုးအစား(၃)ခုရဲ့အခြေခံလက္ခဏာတွေကတစ်ခုနဲ့တစ်ခုမတူကြပါဘူး။
“အက်တိုမော့ပ်”(Ectomorph)လို့ခေါ်တဲ့ကိုယ်ခန္ဓာအသေးစားအပိန်စားကကိုယ်အပေါ်ပိုင်းတိုတတ်တယ်။အောက်ပိုင်းပေါင်တံရှည်တတ်တယ်။လက်တွေခြေတွေမှာအဆီကင်းပြီးပိန်လှီလှီရှိတတ်တယ်။ရင်အုပ်ကပြားချက်နေပြီးပခုံးကကျဉ်းတတ်တယ်။လက်တံတွေလည်းရှည်ပြီးကြွက်သားတွေကပါးပြီးရှည်လျားလျားရှိတတ်တယ်။ဒါကြောင့်ပိန်ပိန်ပါးပါးနဲ့ကြွက်သားသိပ်မရှိတဲ့လူတွေကို“အက်တိုမော့ပ်”လို့ခေါ်ဆိုတာဖြစ်ပါတယ်။
“မက်ဆိုမော့ပ်”(Messomorph)လို့ခေါ်တဲ့ကိုယ်ခန္ဓာအလတ်စားကကိုယ်အပေါ်ပိုင်းရှည်တယ်။ရပ်အုပ်ကားပြီးကြွက်သားရှိတယ်။တစ်ကိုယ်လုံးကိုခြုံကြည့်လိုက်ရင်ဘာမှအားကစားမလုပ်ဘဲနဲ့ကိုကိုယ်ခန္ဓာကြွက်သားတွေပေါ်လွင်ပြီးအားကစားသမားတစ်ဦးလိုခွန်အားရှိတဲ့အသွင်တွေတွေ့မြင်နေရတယ်။ကိုယ်ခန္ဓာကြွက်သားတွေကြီးထွားအောင်ကစားယူပြီးခွန်အားကိုအဓိကအားပြုရတဲ့သံလုံး၊သံတူ၊သံပြားဝိုင်းပစ်၊ပြေးခုန်ပစ်သမားမျိုးတွေနဲ့အကြီးတန်းဂျူဒို၊နပန်း၊အလေးမသမားမျိုးတွေကလွဲရင်အားကစားနည်းတိုင်းမှာထူးချွန်တဲ့အားကစားသမားအများစုဟာ“မက်ဆိုမော့ပ်”ကိုယ်ခန္ဓာပိုင်ရှင်တွေများတာကိုတွေ့ရပါတယ်။ဒါ့ကြောင့်အားကစားသမားတစ်ဦးကိုပင်ကိုကိုယ်ခန္ဓာအချိုးအစားကျတဲ့ကိုယ်ခန္ဓာအလတ်စားနဲ့လူတွေကို“မက်ဆိုမော့ပ်”လို့ခေါ်ဆိုတာဖြစ်ပါတယ်။
“အင်ဒိုမော့ပ်”(Endomorph)လို့ခေါ်တဲ့ကိုယ်ခန္ဓာအကြီးစားကတော့ကိုယ်လုံးကိုယ်ဖန်ကြီးပြီးများ သောအားဖြင့်၀တဲ့သူတွေဖြစ်ကြပါတယ်။သူတို့ရဲ့အသားတွေကပျော့အိနေပြီးကြွက်သားပေါ်လွင်မှုမရှိဘဲ အဆီတွေများပါတယ်။တခြားလက္ခဏာတွေကတော့မျက်နှာကပြည့်ပြည့်ဝိုင်းဝိုင်းနဲ့လည်ပင်းကတိုတို၊ ကုတ်ပိုးသားတွေကအစ်ထွက်ပြီးတင်ပါးဆုံကြီးတွေကလည်းလုံးထွက်နေတတ်ပါတယ်။ဒါ့ကြောင့်လည်း အဆီတွေယစ်ပြီးဝြဖိုးနေပြီးကြွက်သားမပေါ်လွင်တဲ့သူတွေကို“အင်ဒိုမော့ပ်”လို့ခေါ်ဆိုတာဖြစ်ပါတယ်။
ဒါပေမဲ့အဲဒီကိုယ်ခန္ဓာပုံစံ(၃)မျိုးထဲကကိုယ်ခန္ဓာတစ်မျိုးတည်းပုံစံ၀င်တဲ့သူကတော့အတော် နည်းပါတယ်။တချို့ဆိုရင်ကိုယ်ခန္ဓာသုံးမျိုးစလုံးကလက္ခဏာတွေပေါင်းစပ်နေတတ်ပါတယ်။အလွယ်ဆုံး ဥပမာတစ်ခုနဲ့နှိုင်းယှဉ်ပြောရရင်တော့လက္ခဏာပညာရပ်မှာအခြေခံလက်ပုံစံ(၇)မျိုးရှိပေမဲ့တိတိကျကျ ပုံစံတစ်မျိုးတည်းရှိသူနည်းသလိုပါပဲ။ဒါကြောင့်လူတစ်ယောက်နဲ့ကိုယ်ခန္ဓာကိုပိုင်းခြားစိတ်ဖြာသုံးသပ် ကြည့်လိုက်ရင်ပုံစံတစ်မျိုးတည်းကနည်းပြီးပုံစံအမျိုးမျိုးရောနေတတ်တယ်လို့သိပ္ပံပညာရှင်များကစစ်တမ်း ထုတ်ပြခဲ့တာဖြစ်ပါတယ်။လူတစ်ယောက်ရဲ့ကိုယ်ခန္ဓာမှာ အသေးစာ၊အလတ်စား၊အကြီးစားပုံစံအသီးသီးက ရောယှက်လွှမ်းမိုးမှုအတိုင်းအတာကို(၁)ကနေ(၇)အထိအဆင့်ခွဲသတ်မှတ်ချက်နဲ့ဆုံးဖြတ်ကြည့်တဲ့အခါမှာ ကိုယ်ခန္ဓာပုံစံ(၈၈)မျိုးအထိထွက်လာနိုင်တယ်လို့ဆိုထားပါတယ်။အောက်ပါသုံးသပ်ချက်တစ်ခုကိုလေ့လာ ကြည့်ပါ။
(Ectomorphy
(အသေးစားလက္ခဏာများ ၂
(Messomorphy
(အလတ်စားလက္ခဏာများ ၆
(Endomorphy
(အကြီးစားလက္ခဏာများ ၅
ဒါဆိုရင်အဲဒီခန္ဓာကိုယ်မှာအကြီးစားနဲ့အလတ်စားလက္ခဏာတွေကလွှမ်းမိုးနေလို့သူ့ကိုEndomessomorph(အင်ဒို-မက်ဆိုမော့ပ်)…အလတ်စားလက္ခဏာလွှမ်းမိုးတဲ့အကြီးစားကိုယ်ခန္ဓာပုံစံလို့သတ် မှတ်ပါတယ်။မျက်စိထဲမြင်လွယ်အောင်ထပ်ရှင်းပြရရင်တော့ကြွက်သားတွေလည်းရှိတော့ရှိတယ်။ဒါပေမဲ့ အဆီလည်းရှိနေပြီးအဆီတက်လွယ်နိုင်တဲ့ဂင်တိုတိုကိုယ်လုံးပုံစံမျိုးပေါ့။များသောအားဖြင့်တော့အသေးစားနဲ့ အလတ်စားတွဲကိုယ်လုံးပုံစံတွေနဲ့အလတ်စားနဲ့အကြီးစား၊အကြီစားနဲ့အလတ်စားပုံစံတွဲတွေကများတတ်ပါတယ်။
ဒါပေမဲ့……….
မူလကိုယ်ခန္ဓာဟာဘယ်လိုပုံစံပဲဖြစ်ဖြစ်စနစ်တကျလေ့ကျင့်မှုနဲ့အာဟာရအစားအစာစားသောက်တတ်မှုတို့နဲ့ကိုယ်ခန္ဓာအလှကိုတိုးတက်အောင်လေ့ကျင့်ယူလို့ရနိုင်ပါတယ်။(ဒီအကြောင်းနဲ့ပတ်သတ်လို့ တစ်ခြား ဆောင်းပါးရှင်တွေလည်းရေးပေးဘူးပါတယ်)...
အဲဒီလိုကိုယ်ခန္ဓာကိုတိုးတက်လှပအောင်လေ့ကျင့်ယူလို့ရတယ်ဆိုတံနေရာမှာတော့ကိုယ့်ရဲ့မူလကိုယ်ခန္ဓာပုံစံပေါ်မှာတည်ပါတယ်။ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကိုထားရပါမယ်။အရပ်၅ပေကျော်လေး၊လက်မောင်းက ၁၀လက်မတောင်မပြည့်၊ကိုယ်အလေးချိန်ပေါင်(၉၀)နဲ့အသေးးစားလေးတစ်ယောက်ကအားနိုးနဲ့လီဟာနီတို့လိုကိုယ်အလေးချိန်ပေါင်(၂၅၀)ကျော်နဲ့(၂၂)လက်မလက်မောင်းမျိုးကိုနေ့ချင်းညချင်းရချင်လို့တော့ လက်တွေ့ဘယ်ကျပါ့မလဲ။အဲဒီလိုပဲကိုယ်အလေးချိန်ပေါင်(၃၀၀)ရှိတဲ့လူဝြကီးတစ်ယောက်က(၆)လအလေး ကစားပြီးမောင်မြန်မာကိုထွန်းထွန်းအောင်လို့ဖြစ်လာချင်တယ်ပြောရင်အဓိပ္ပာယ်ရှိနိုင်ပါ့မလား။
ဒါမျိုးကနှစ်ပရိစ္ဆေဒများစွာရည်မှန်းချက်ထားပြီးဇွဲနဲ့ကစားသွားရမယ့်ကိစ္စပဲ။အခုခေတ်မှာတော့ကာယဗလလေ့ကျင့်ရေးပစ္စည်းသစ်၊ နည်းသစ်တွေကကောင်း။အထောက်အကူပြုဗီတာမင်နဲ့ခွင့်ပြုဆေးဝါးတွေကလည်းစွမ်းတော့ကိုယ်ခန္ဓာ ကာယဗလလှအောင်လေ့ကျင့်မှုရဲ့အကျိုးဟာခေတ်ဟောင်းနဲ့မတူတော့ဘူး။ကြွက်သားကြီးထွားမှုသိပ်မြန်တယ်။
ဒါပေမဲ့ဘယ်လောက်ပဲအတက်မြန်တဲ့၊ထွန်းကားတဲ့ခေတ်ကြီးပဲဖြစ်ဖြစ်၊ကာယဗလကစားကြမယ့် သူတွေဟာအသေးစား၊အလတ်စား၊အကြီးစားဘယ်အမျိုးအစား၀င်ပဲဖြစ်ဖြစ်နေ့ချင်းညချင်းတော့မိုးကျရွှေကိုယ်ဖြစ်မလာနိုင်ဘူး။နှစ်ရှည်လများရေရှည်စီမံကိန်းချပြီးဇွဲနပဲနဲ့စိတ်ရှည်ရှည်ကစားသွားရမယ်ဆိုတဲ့အချက်ကို ခေါင်းထဲမှာပထမဆုံးသံမှိုနဲ့နှက်ထားဖို့လိုပါတယ်။
ကိုယ်ခန္ဓာပုံစံပေါ်မှာကြည့်ပြီးဘယ်လိုအခြေခံရည်မှန်းချက်တွေထားပြီးကစားသွားသင့်သလဲဆိုတာကိုမောင်အိုလံပီယာ(၇)ထပ်ကွမ်းအာနိုးကအကြံပေးလမ်းညွှန်ခဲ့တာလေးတွေကိုကိုးကားပြီးရေးပြချင်ပါတယ်။ဒါပေ့မယ်.....ဆက်ရန်ရှိပေါ့ခင် ဗျာ.....

image