2 ပတ် - ဘာသာပြန်ပါ။

TNLA ရဲ့မိုင်းကြောင့် ဒေသခံတစ်ဦးခြေထောက်ပြတ်

(ပြည်တွင်း) ဇွန် ၁၁
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်က ဒေသခံအမျိုးသမီးတစ်ဦးဟာ TNLA ထောင်ထားတဲ့မိုင်းကိုနင်းမိတာကြောင့် ခြေထောက်တစ်ဖက် ပြတ်သွားတယ်လို့ ဒေသခံတွေရဲ့ပြောဆိုချက်အရ သိရပါတယ်။

တအောင်းလက်နက်ကိုင်အဖွဲ့ TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာတွင် ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့ မနက်ပိုင်းက အမျိုးသမီးတစ်ဦးဟာ ခြံရှင်းရာက TNLAထောင်ထားတဲ့မိုင်းကို နင်းမိရာက ပေါက်ကွဲပြီး ဘယ်ဘက်ခြေထောက်တစ်ဖက် ပြတ်သွားခဲ့ရတာဖြစ်တယ်လို့လည်း သိရပါတယ်။

မိုင်းနင်းမိတဲ့ အမျိုးသမီးဟာ အသက် (၅၀)နှစ်အရွယ် ဒေါ်မြင့်အောင်ဆိုသူဖြစ်တယ်လို့သိရပြီး အကြမ်းဖက်သောင်းကျန်းသူ TNLA ကတော့ စစ်ကောင်စီထောငက်ထားတဲ့မိုင်းလို့ ပြောဆိုထားပေမယ့် မိုင်းပေါက်ကွဲမှုဖြစ်ပွားရာနေရာကို တပ်ကရောက်ရှိခဲ့တာမရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ မေလ (၂၉)ရက်နေ့လည်း နမ့်ခမ်းမြို့နယ်၊ ကောင်းဝိုင်းကျေးရွာမှာ နေထိုင်တဲ့အမျိုးသားတစ်ဦးလည်း မိုင်းထိဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

image