မိုင်းယောင်းကနေအိမ်တစ်ခုမှာ online slot ဂိမ်းလောင်းကစားလုပ်ကိုင်နေသူတွေကို ဖမ်းဆီရမိ
(မှုခင်း) ဇွန် ၁၁
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့ကနေအိမ်တစ်လုံးမှာ online slot ဂိမ်းလောင်းကစားလုပ်ကိုင်နေတယ်ဆိုတဲ့သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ရှာဖွေရာ လောင်းကစားပြုလုပ်နေသူတွေနဲ့ လောင်းကစားပြုလုပ်ရာမှာအသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေကို ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။
လုံခြုံရေးပူးပေါင်းအဖွဲ့ဟာ ဇွန် ၁၀ ည ၉ နာရီအချိန်ခန့်မှာ ပါဟုတ်ကျေးရွာကနေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ရာ အဆိုပါနေအိမ်ပေါ်က အလျား ၈ ပေ၊ အနံ ၆ ပေကျော်ခန့်ရှိတဲ့ အခန်းအတွင်းမှာ online slot ဂိမ်းလောင်းကစားလုပ်ကိုင်နေတဲ့ အိုက်အင်၊ ၂၂ နှစ်၊ (ဘ)ဦးအိုက်ကျဲန်၊ အိုက်ကျိုင်း၊ ၂၁ နှစ်၊ (ဘ)ဦးအိုက်မွန်း၊ အိုက်ခမ်းလျှန်၊ ၂၁ နှစ်၊ (ဘ)ဦးအိုက်ကျောက်ဆိုသူတွေကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အွန်လိုင်းလောင်ကစားမှုပြုလုပ်နေသူတွေနဲ့အတူ Acer အမျိုးအစား laptop (၂)လုံး၊ AOC အမျိုးအစား မော်နီတာ (၁)လုံး၊ System ပုံးအကြီး (၁)လုံး၊ System ပုံးအငယ် (၁)လုံး၊ Infinix အမျိုးအစား လက်ကိုင်ဖုန်း (၁)လုံး (Sim Card မပါ)၊ Oppo အမျိုးအစား လက်ကိုင်ဖုန်း (၁)လုံး (Sim Card မပါ)၊ Iphone 11 အမျိုးအစား လက်ကိုင်ဖုန်း (၁)လုံး (၀၉၆၇၀၁၁၂၃၂၀ နံပါတ်တွဲလျက်ပါ Sim Card ၁ ကတ်)၊ Iphone 11 အမျိုးအစား လက်ကိုင်ဖုန်း (၁)လုံး (၀၉၆၆၈၇၁၅၂၇၈ နံပါတ်တွဲလျက်ပါ Sim Card ၁ ကတ်)၊ ဆောင်းဘောက်အသေး (၂)လုံး၊ ကွန်ပျူတာ Mouse (၃)လုံး၊ Wifi စက် (၁)လုံး၊ စားပွဲခုံသေး (၃)လုံး တို့ကိုပါဖမ်းဆိးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
