2 ပတ် - ဘာသာပြန်ပါ။

⛈ အပူပိုင်းမုန်တိုင်းငယ် ONE (Tropical Depression ONE) ဖြစ်လာပြီးဆက်လက်ရွေ့လျားနိုင်မည့် လမ်းကြောင်းကို JTWC က ထုတ်ပြန်ထားပါတယ်။
အပူပိုင်းမုန်တိုင်းငယ် ONE ရဲ့ သက်ရောက်မှုကြောင့် ယနေ့ ဇွန်လ ၁၁ ရက် မှာ -
⚠️ မန္တလေးတိုင်း ပြင်ဦးလွင်မှာ ၂၄ နာရီအတွင်း မိုးရေချိန် ၄.၃၉ လက်မ ရွာနိုင်/မိုးများနိုင်ပါမယ်။
⚠️ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအချို့နဲ့ တာချီလိတ်မြို့မှာ ၂၄ နာရီအတွင်း မိုးရေချိန် ၂.၂၄ လက်မ ရွာနိုင်/မိုးများနိုင်ပါမယ်။
⚠️ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ၂၄ နာရီ မိုးရေချိန် ၁.၃၈ လက်မ (မိုးအသင့်အတင့်)နဲ့ မန္တလေးတိုင်း၊ မန္တလေးမြို့မှာ ၂၄ နာရီအတွင်း မိုးရေချိန် ၁.၁၅ လက်မ(မိုးအသင့်အတင့်) ရွာနိုင်ပါမယ်။
⚠️ ကယားပြည်နယ်တောင်ပိုင်းမှ ဘောလခဲ၊ ဖာဆောင်း မြို့တွေမှာလဲ ၂၄ နာရီအတွင်း မိုးရေချိန် ၁ လက်မ အထက်(မိုးအသင့်အတင့်)ရွာနိုင်ပါမယ်။
ကျန်ပြည်နယ်/တိုင်းဒေသတွေမှာတော့ မိုးအနည်းငယ်မှ မိုးအသင့်အတင့်ထစ်ချုန်းရွာနိင်ပါတယ်။
🔸 မိုးများနိုင်၍ သတိထားရမည့်ဒေသများကို ဦးစားပေး/အသိပေးသည့် post ဖြစ်ပါတယ်။

image