အကြောင်းမညီညွှတ်လို
မခေါ်မပြောဖြစ်တာပဲရှိမယ်
ဘယ်သူ့ကိုမှ မေတ္တာမပျက်ခဲ့ပါဘူး ။

အလုပ်ကိစ္စများလို
မခေါ်အားတာပဲရှိမယ်
ဘယ်သူ့ကိုမှတော့ မမေ့ပါဘူး ။

အဆင်မပြေလို
စကားမပြောတာပဲရှိမယ်
ဘယ်သူ့ကိုမှ မမုန်းပါဘူး ။

စိတ်ရှုပ်လိုတစ်ယောက်ထဲ
နားနေချင်တာပဲရှိမယ်
ဘယ်သူ့အပေါ်မှ မာနမကြီးတတ်ပါဘူး ။

လုပ်ရပ်တွေသဘောမကျလို
ကင်းအောင်နေမိတာပဲရှိမယ်
ဘယ်သူ့ကိုမှ စာနာစိတ် မပျက်ပါဘူး ။

image