2 ပတ် - ဘာသာပြန်ပါ။

တစ်ကြိမ်တခါမှားရင်
ကိုယ် မသိခဲ့လို့ ဆိုသော်ငြား
ဒီလမ်းသွားလို့ ခွေးကိုက်ခံလိုက်ရရင်
နောက်တစ်ကြိမ်ဆို ဒီလမ်းကသွားစရာမလိုတော့ဘူးလေ။
လူတစ်ချို့ရှိတယ်
သူတို့စိတ်နဲ့ လူတွေအားလုံးကို
နှိုင်းပြီး ဆက်ဆံတတ်ကြတာတွေ။
လူတစ်ယောက်အကြောင်း သိဖို့
အချိန်ကြာကြာ လေ့လာနေစရာ မလိုအပ်ပါဘူး
စကားတစ်ခါနှစ်ခါ ပြောလိုက်ရင် ဒီလူ
ပါးစပ်ဟလိုက်တာနဲ့
အူ ဘယ်နှစ်ခွေရှိလည်း သိပြီးသား
ကိုယ်လဲ ငပြိန်းမှ မဟုတ်တာ
ကိုယ်ကသာ ကိုယ့်တန်ဖိုးကို ထိန်းနေလို့
ဘာမှ ပြန်မပြောဘဲ ရေငုံနှုတ်ပိတ် နေလိုက်တာ
မမြင်ယောင်ဆောင် မကြားယောင်ဆောင် နေလိုက်တာတွေ.....
ဟန်ဆောင်မှုတွေနဲ့ လာပြုံးပြတိုင်း
စိတ်ထဲမှာတော့ ပြုံးနေပြီးသား
တကယ်တော့ လူတစ်ချို့အတွက်
အပေါ်ယံ ဆက်ဆံရေးပဲ သင့်လျှော်တယ်
ကိုယ်က ရိုးသားစွာ ဖွင့်ပြောလိုက်တယ်
သူ့စိတ်နဲ့နှိုင်းပြီး ပြန်ဆက်ဆံသွားကြတာ အတော်လေး
ခါးသီးမိတယ်
အမှန်အတိုင်း ဝန်ခံပါတယ်
ကိုယ့်ရဲ့ ရိုးသားပွင့်လင့်မှုကို အသုံးချခံရတိုင်း
အတော်လေး ဒေါသ ထွက်ခဲ့ရတယ်
သူခိုးဆိုတာ ခိုးတတ်လို့ ယိုးစွပ်နေတာပဲ
ငါက
သူထင်သလို သူခိုးမှမဟုတ်တာ
ဘာနာစရာ ရှိလို့လည်းလို့ ကိုယ့်စိတ်ကို
ပြန်ဆုံးမလိုက်ပါတယ်
အကြိမ်ကြိမ် စော်ကားခံရတာ များလာတော့
ဟန်ဆောင်တတ်တဲ့ သူတွေကို
လုံးဝ မဆက်ဆံလိုတော့ဘူး
မတတ်နိုင်သေးလို့ ဆက်ဆံနေရတောင်
စိတ်ထဲမှာတော့
ကြောက်နေမိတယ်
စကားမမှားအောင်
သတိမြဲမြဲ ထားလိုက်ပါတယ်
ဒါပေမယ့်
အဲဒီလိုလူတွေကြောင့်
လူတွေရဲ့ ပရိယာယ်တွေ
လောကကြီးရဲ့ မာယာတွေကို သိခွင့်ရခဲ့လို့
ရှာကြံပြီးကျေးဇူးတင်တတ်နေပါပြီ
တစ်ခုတော့ ရှိတာပေါ့
သူတို့စိတ်နဲ့နှိုင်းပြီး ဆက်ဆံတတ်သူတွေနဲ့
ကင်းအောင် နေဖို့ပဲကြိုးစားတယ်....
တစ်ပါးသူရဲ့ အားနည်းချက်ကို
ချနင်းလိုသူတွေဆို
ဝေးဝေးက ရှောင်လိုက်တယ်....
လူတဖက်သားရဲ့ တန်ဖိုး မသိသူတွေအတွက်
ရိုးသားမှု ပွင့်လင်းမှု ဆိုတဲ့ အရာတွေနဲ့
မတန်ဘူးလို့ ခံယူလိုက်တယ်....
တကြိမ်တခါမှားရင် ကိုယ်မသိခဲ့လို့
ဆိုသော်ငြား
နှစ်ကြိမ်မှားသွားခဲ့ရင် ကိုယ်ဟာ လူညံ့ဖြစ်သွားပြီ
ဒီလမ်းသွားလို့ ခွေးကိုက်ခံလိုက်ရရင်
နောက်တစ်ကြိမ်ဆို ဒီလမ်းက သွားစရာ မလိုတော့ဘူးလေ
ဘယ်လို ဆက်ဆံရေးမျိုး ဖြစ်ပါစေ
ကိုယ်ရိုးသား ပွင့်လင်းသလို
တူညီတဲ့ဆက်ဆံရေးမျိုးကို မမျှော်ကိုးပါဘူး
ဒါပေမယ့်
ကိုယ့်ရိုးသား ပွင့်လင်းမှုကို
သူတို့စိတ်နဲ့ နှိုင်းယှဥ်ပြီးချနင်းသွားရင်တော့
ခွင့်လွှတ်ခြင်းနဲ့အတူ တစ်သက်စာ စိတ်ထဲမှာ block လိုက်ပါတယ်
မင်းကြိုက်တဲ့ ဟင်းကို
လူတိုင်းမကြိုက်ဘူး
ဒါကြောင့် လူတိုင်းကို မင်းစိတ်နဲ့ မနှိုင်းပါနဲ့။
ဦးသီ

image