WWDC Keynote မှာ မပြောသွားတဲ့ iOS 26 Feature တွေ -
.
အခုကြမှ သတင်းထွက်ထားတဲ့ အားသွင်းရင် အချိန်ဘယ်လောက်ထပ်ကြာမလဲဆိုတာကို ပြပေးနိုင်တဲ့ Feature ၊ ဖုန်းသုံးတဲ့အပေါ်မှုတည်ပြီး တချို့ Background Process တွေ၊ Display Brightness တွေကို Optimize လုပ်ပြီး Battery ပိုအသုံးခံအောင် လုပ်ပေးနိုင်တဲ့ Adaptive Power လို Feature တွေပါလာပြီ။
ပြီးတော့ အိပ်ပျော်သွားတဲ့အချိန်မှာ AirPods က Auto Pause လုပ်မယ်၊ Photo App မှာ Event ပြပေးတာမျိုး၊ ဖုန်းပြောနေတဲ့အချိန်မှာ Screen Sharing နဲ့ Share Play သုံးနိုင်တာမျိုးတွေ၊ Apple Maps မှာ Accident တွေ့ရင် Report လုပ်နိုင်တာတွေ အများကြီးပါလာတယ်။
ရယ်ရတာက အခုမှ Camera Lens က ဝါးနေရင် ကြည်အောင် သုတ်ပေးဖို့ Feature ကို iOS 26 ကြမှထည့်ပေးလိုက်တာပဲ။ Keynote မှာ Feature အကြီးကြီးအနေနဲ့ ပြောလိုက်တာမဟုတ်ဘူး 🫠
