2 ပတ် - ဘာသာပြန်ပါ။

#ဘဲဥချဥ်ဟင်း ချက်နည်း 😋
============

ဘဲဥကိုရေမြုတ်အောင်ထည့်ဆားလေးထမင်းစားဇွန်းတဝက်လောက်ထည့်ပြီးကျက်အောင်ပြုတ်ပြီးအအေးခံပြီးအပ်ချီကြိုးလေးနဲ့နှစ်ခြမ်းခွဲထားပါ
မန်ကျည်းရည်လေးအနည်းငယ်ဖျော်ထားပါ.
ကြက်သွန်နီလေးလုံးလောက်နဲ့ကြက်သွန်ဖြူတလုံးလောက်ကိုရောထောင်းအရောင်တင်မုန့်တဇွန်းနဲ့ငပိစိမ်းစားလက်တဆစ်လောက်ထည့်ထောင်းထားပါ
ဒယ်အိုးထဲဆီထည့်ဆီပူရင်နနွင်းလေးထည့်ပါ
ပြီးရင်ထောင်းထားတာထည့်ဆီသတ်ပါ
ဆီသတ်နံလေးမွေးလာရင်ရေထည့်ပါ
ပြီးရင်မန်ကျည်းရည်အသင့်အတင့်လေးဖျော်ထည့်ပါ
ပြီးရင်အရသာအတွက်လိုအပ်တဲ့ဆားကြက်သားမုန့်ထည့်ပါရှင်
ပြီးမှခြမ်းထားတဲ့ဘဲဥလေးတွေထည့်ရေလိုသေးရင်ထပ်ထည့်ဆူအောင်တည်အရသာလေးမြည်းမဆလာလေးခပ်ပြီးရပါပြီရှင်

image