Neptune မှာ လက်ရှိရှာဖွေတွေ့ရှိထားတဲ့ ဂြိုဟ်ရံလ ၁၆ စင်း ရှိပြီး အကြီးဆုံးနဲ့ အထင်ရှားဆုံး လ ကတော့ "Triton (ထရိုင်တွန်)" ဖြစ်ပါတယ်။ Triton ဟာ နေအဖွဲ့အစည်းအတွင်းမှာ ဂြိုဟ်ကြီးရဲ့ ပတ်လမ်းနဲ့ ဆန့်ကျင်ဘက် လည်ပတ်နေတဲ့ retrograde orbitတစ်ခုတည်းသော လ ကြီး ဖြစ်ပါတယ်။

ဒါ့အပြင် သူ့ရဲ့မျက်နှာပြင်မှာ နိုက်ထရိုဂျင် ရေခဲမီးတောင်တွေ (Cryovolcanoes) ရှိပြီး ဥပမာ - နိုက်ထရိုဂျင်၊ မီသိန်းနဲ့ အမ်မိုးနီးယားတွေ ပူပြင်းတဲ့ရေပူစမ်းလို ပန်းထွက်နေတာမျိုးတွေ တွေ့ရပါတယ်။ Triton ရဲ့ မျက်နှာပြင်ဟာ နေအဖွဲ့အစည်းထဲမှာ အအေးဆုံးနေရာများထဲက တစ်ခုဖြစ်ပါတယ်။

image