မိုးထက်အောင် နဲ့ ပြိုင်ပြီး ယှဉ်မထိုးဘူး ဆိုတဲ့ ခွန်ဖုံနွိုင်
**********
"မိုးထက်အောင်က သူကြိတ် ကိုယ်ကြိတ် ယှဉ်ထိုးချင်တဲ့သူပါ။
ရုပ်ပိုင်းဆိုင်ရာ ခံနိုင်ရည်မြင့်မားတယ် ၊ တိုက်စစ်ကို ဒီအတိုင်းဖွင့်ဝင်တဲ့အတွက် ကျနော့်အနေနဲ့ သတိထားဖို့ လိုပါတယ်။
ကျနော် ကတော့ သူနဲ့ ယှဉ်ပြီး နင်လား ငါလား လုံး၀ ထိုးမှာမဟုတ်ပါဘူး ဘာလို့လဲ ဆိုတော့ မြန်မာဖိုက်တာတွေက အတော်ကို အကြောမာတဲ့ကောင်တွေပါ။
ကိုယ့်ရဲ့ အားသာချက်က Speed ပိုကောင်းတယ် ၊ Movement တွေနဲ့ ရွေ့လျား လှည့်ပတ်ရင်း ထိုးပြနိုင်တယ်။ ပြီးတော့ Fight IQ ပိုင်း နဲ့ ပွဲ အခင်းကျင်းပေါ်မူတည်ပြီး ညှိယူ ကစားနိုင်စွမ်း ရှိပါတယ်။
သူထိုးတဲ့ပွဲတွေ ကြည့်ရသလောက်တော့ သူ့မှာ နည်းစနစ်ပိုင်း ထူးခြားနေတာမျိုး မတွေ့ရပါဘူး။
သူက ကိုယ့်ဆီကို တည့်တည့်ကြီး ဝင်ကြမ်းမှာတော့ သိနေပါတယ်။ သူနဲ့ ယှဉ်ထိုးဖို့ စိတ်ကူးမရှိသည့်တိုင်အောင် ပွဲက ကြည့်ကောင်းမယ် ဆိုတာ အာမခံရဲပါတယ် ဘာလို့လဲ ဆိုတော့ ကျနော်ကလဲ တစ်ဖက်က ကြမ်းပြလာရင် အပြိုင်ကြမ်းပြချင်တဲ့သူပါ။
ကိုယ့်ရဲ့ အတွေ့ကြုံနဲ့ Fight IQ ကို သုံးပြီး Angle တွေ လှည့်ပတ်ကစားမယ် ၊ နေရာလွတ်တွေ ရှာမယ်။ အခွင့်ရေးရတာနဲ့ ပွဲကို အဆုံးသတ်နိုင်ဖို့ ကြိုးစားသွားမှာပါ"
ခွန်ဖုံနွိုင် ရဲ့ ပွဲကြို ပြောစကား
