လောဘ
လောဘဆိုသည်မှာ ပါဠိစကားဖြစ်ပြီး လိုချင်မက်မောခြင်း တပ်မက်ခြင်း
ဟူ၍ အဓိပါယ်ရသည် ။
လောဘကို မကောင်းသောအမြင်နဲ့ မြင်ကြသည်ကများသည်
လောဘသည် ကောင်းနိုင်သလို ဆိုးနိုင်တာလည်း ရှိသည် ။
၁ - လောဘကို ကောင်းသည့်ရှု့ထောင့်ကကြည့်လျှင် တိုးတက်လိုစိတ်ကို
ဖြစ်စေနိုင်သည်။
တခါတရံတွင် လောဘဖြစ်လာခြင်းသည် ပိုကောင်းသောအရာကို ရလာစေရန်နှင့်
တိုးတက်ရန်အတွက် တွန်းအားတွေကို ဖြစ်စေနိုင်သည် ။
ဥပမာ -
ပိုကောင်းသော အလုပ်တခုကို ရရှိလာစေရန် ပိုမိုအာင်မြင်သည့် လုပ်ငန်း
တခုကို ထူထောင်နိုင်ရန် ကြိုးစားခြင်းသည် လောဘ၏ အစိတ်အပိုင်းတခုဖြစ်၍ ကောင်းသည်ဟု ဆိုနိုင်သည်။
လုပ်ငန်းတခုတွင် အမြတ်အစွန်းကို ပိုမိုရရှိစေရန်အတွက် နည်းပညာအသစ်တွေ
ထုတ်ကုန်အသစ်တွေကို ဖန်တီးကြသည်။
ထိုဖန်တီးချင်သည့်လောဘသည် လူသားတို့ကို ပို၍ အကျိုးရှိစေနိုင်သည်။
၂ - ဆိုးသည့် ရှု့ထောင့်ဘက်မှကြည့်လျှင်
လောဘကြီးလာလျှင် ကိုယ်ကျင့်တရားနှင့် တရားမျှတမူတို့ကို လစ်လျူရှုလာ
တတ်သည် -
သူတပါးအပေါ် မတရားလုပ်ဆောင်လိုစိတ်တွေ ဝင်လာတတ်သည်။
ထို့ကြောင့်တရားသည်မတရားသည်ကို မကြည့် မိမိအောင်မြင်ရန် လုပ်
ဆောင်လို စိတ်တွေ ဝင်လာတတ်သည်။
လောဘဝင်လာလျှင် သူများပိုင်ဆိုင်မူ အောင်မြင်မူတွေကို
မနာလိုဖြစ်လာတတ်သည် ။
သူတို့လို အောင်မြင်မူရလာစေရန် မလုပ်ဆောင်နိုင်သည့်အခါတွင် ဝန်တိုစိတ်
ကြောင့် စိတ်ဆင်းရဲလာတတ်သည်။
ရာထူးနဲ့ အာဏာရှိသူတွေမှာ လောဘကြီးလာလျှင် အကျင့်ပျက်ချစားမူ
လုပ်ရန် ဝန်မလေးတော့ပေ။
ထိုသူမျိုးတွေ လောဘတက်လာလျှင် လူ့အဖွဲ့အစည်းတခုလုံးကို ထိခိုက်စေနိုင်သည်။
လောဘစိတ်က အမြတ်အစွန်းတခုတည်းရလိုမူကို ဦးတည်လာလျှင် သဘာဝ
ပတ်ဝန်းကျင် ပျက်စီးမူကိုလည်း အလေးထားတော့မည်မဟုတ်ပေ ။
သဘာဝကိုထိန်းသိမ်းစောင့်ရှောက်မည့်အစား သဘာဝကိုမှီ၍ အလွန်အကျွံ
ထုတ်ယူခြင်းက ဆိုးကျိုးကိုသာဦးတည်စေနိုင်သည်။
လောဘသည် ရောင့်ရဲတင်းတိမ်နိုင်စွမ်းကို ဖျက်စီးတတ်သည် -
ရောင့်ရဲစိတ်မရှိလေ ပိုင်ဆိုင်မူလိုအပ်လေဖြစ်လာတတ်သည်။
လောဘကြီးသူသည် ပိုင်ဆိုင်ရလိုမူကြောင့် စိတ်ကျေနပ်မူမရနိုင်သဖြင့်
စိတ်ပိုင်းဆိုင်ရာ မကျန်းမာမူကိုဖြစ်စေနိုင်သည်။
လောဘသည်အတိုင်းအတာတခုအထိ တိုးတက်စေရန်အထောက်အကူဖြစ်နိုင်သော်လည်း အလွန်အကျွံဖြစ်လာလျှင် မိမိကိုယ်တိုင်ကိုသာမက ပတ်ဝန်းကျင်
ကိုပါ ဆိုးကျိုးပေးနိုင်ကြောင်း သတိပြုသင့်သည်။
