ကျနော့ ဘဝမှာ အများကြီး ကြုံခဲ့ဆိုးခဲ့တယ် ဒီတစ်ယောက်နဲ့ တွေ့မှ " အရာအားလုံးကို စွန့်လွှတ်နိုင်သွားတယ် " အဲ့ဒီ သတ္တိကိုလည်း ကိုယ့်ကို အံ့ဩတယ် အရင်က ဒီအနုပညာ လုပ်ဖို့ကို " အိမ်ပေါ်ကဆင်းဖူးတယ် " အိမ်နဲ့ကို အတိုက်ခံလုပ်ခဲ့တဲ့ ဒီအနုပညာ အနှစ် (၂၀) ကျော် သက်တမ်းရှိတဲ့ ကိုယ့်ရဲ့ အသက်မွေးကြောင်းဖြစ်တဲ့ အနုပညာကို သူ့ရဲ့ စကားလေးတစ်ခွန်းပဲ သူ့ကိုချစ်တယ် သူ့ကိုယူမယ် ဆိုရင် အနုပညာအလုပ်ကို စွန့်လွှတ်နိုင်လားဆိုတော့ နှစ်ခါတောင် မစဉ်းစားဖူး သူရော သူ့အမေရောကိုပါ စွန့်လွတ်မယ်လို့ ပြောလိုက်တယ် သူကမေးတယ် " ကိုကိုတဲ့ တစ်ယောက်နဲ့ လုံလောက်လားတဲ့ " ကျနော် အရင်က အများကြီး ဆိုးခဲ့ပြီးပြီလေ အခုချိန်မှာတော့ အရမ်းလုံလောက်ပါတယ် လို့ ပြောလာတဲ့ " ဇေယျ "
