2 ပတ် - ဘာသာပြန်ပါ။

မင်းလမ်းကို မင်း ဖြောင့်ဖြောင့်သွားပါ ၊
မမကို ပြန်လှည့်မကြည့်ဘဲ မင်းပျံနိုင်သမျှ မြင့်မြင့်ပျံပါ။
မင်းနားမှာ မမ မရှိပေမယ့် မင်း အောင်အောင်မြင်မြင်ရပ်တည်နိုင်တဲ့နေရာတိုင်းမှာ မမရဲ့ ပျော်ရွှင်မှုရှိတယ် ။
# မြကျေးရုံ
မမကို ပြန်လှည့်မကြည့်နဲ့ ဆိုတာကတော့မဖြစ်နိုင်ဘူး မမ ၊ ကျွန်တော့်ပျော်ရွှင်မှုက မမရှိတဲ့နေရာမှာကျန်ခဲ့တာလေ၊ မမကို ပြန်လှည့်မကြည့်ရင် ကျွန်တော့်ပျော်ရွှင်မှုကို ကျွန်တော်ပြန်လှည့်မကြည့်သလိုဖြစ်တော့မှာပေါ့ ။
#ရန်ပြေအေး
ပုဂံအာနန္ဒာဘုရားပွဲမှာစခဲ့တဲ့ဇာတ်လမ်းလေးတစ်ပုဒ်
စာအုပ်လေးကပုဂံကိုနောက်ခံထားပြီးရေးသားထားတာအနုစိတ်လွန်းတော့ကိုယ်တိုင်ပုဂံကိုရောက်သွားရတယ်လို့ခံစားမိမှာပါ။
စုစုကတော့ပုဂံဘုရားတွေအကြောင်းအရမ်းစိတ်ဝင်စားတဲ့သူမျိုးထဲမပါပေမယ့် ပုဂံမှာဖြစ်လေ့ဖြစ်ထရှိတဲ့အထက်လူကြီးနဲ့နယ်ခံတွေအကြောင်းကိုတော့ဗဟုသုတအနေနဲ့သိခွင့်ရခဲ့တယ်။
နောက်ထပ်စိတ်ဝင်စားစရာအကြောင်းကယွန်းထည်တွေအကြောင်းပဲ။
ပုဂံဘုရားနဲ့ယွန်းပညာအကြောင်းကိုအသေးစိတ်မြင်သာအောင်ရေးပြထားပုံက ဆရာမရဲ့ပုဂံကိုချစ်မြတ်နိုးမှုပြယုဒ်တစ်ခုပါပဲ။
စုစုကတော့ပုဂံဘုရားတွေထက် စာအုပ်ထဲကမမနဲ့ဆူးပုပ်လေးတို့ကိုပိုပြီးသဘောကျမိတာအမှန်ပဲ။
ချစ်ခြင်းမေတ္တာကိုရိုးရိုးလေးပုံဖော်ထားပြီး
အရေးအသားနူးညံ့သိမ်မွေ့လွန်းတော့ စာအုပ်လေးကိုဖတ်နေရင်းကပဲရင်ထဲကတစ်ဆင့်မျက်ရည်ကျလာရတာမျိုးပါပဲ။
ဒီစာအုပ်လေးကစာဖတ်သူတွေတော်တော်များများဖတ်ဖူးတာမို့အထူးတလည်‌ review ပေးနေစရာမလိုတဲ့စာအုပ်လေးပါပဲ။
ပုဂံဘုရားအကြောင်းတွေလည်းဖတ်ချင်တယ်ဒီတိုင်းအစိမ်းသက်သက်ဘုရားအ‌ကြောင်းတွေဖတ်ရမှာလည်းပျင်းတယ်ဆိုရင် ဆရာမပုညခင်ရဲ့ #လက်ကျန်လရောင် စာအုပ်လေးကတစ်အဆင်ပြေမယ့်စာအုပ်လေးဖြစ်မှာပါ။

image