2 w - Translate

လူသားမျိုးနွယ်သမိုင်းအကျဥ်းဆိုလို့ ဒို့မြန်မာနိုင်ငံအကြောင်းပါမယ်လိုတော့မထင်နဲ့ပေါ့။
လူသားတွေဘယ်ကစဖြစ်ခဲ့ပြီး ဘယ်လိုတွေလုပ်ကိုင်ခဲ့လို့ ကနေ့ခေတ်ထိဘယ်လိုတွေပြောင်းလဲလာသလဲဆိုတာ ရှင်းလင်းပြထားတယ်။
ငွေကြွေးကို ဘယ်လိုတီထွင်ခဲ့တယ်။ အင်ပါယာတွေဘယ်လိုတည်ဆောက်ခဲ့တယ်။ လူ့သမိုင်းဆိုတာလူသားတွေကသာ ဖန်တီးခဲ့တယ်။ နတ်ဘုရားတွေနဲ့ ကိုယ်ကွယ်မှုဆိုင်ရာအယူဝါဒတွေဟာ စိတ်ကူးယှဥ်ဝါဒတွေသာဖြစ်တယ်လို့ အတိအလင်ဖော်ပြထားတယ်။
ပြောရမယ်ဆိုရင်တော့ ဒီစာအုပ်က ရွှေပေါ့ဗျာ။
ခင်ဗျားတို့တစ်သက်လုံးစွဲကိုင်လာခဲ့တဲ့ အယူအစွဲတွေကို ပြောင်းပြန်လှန်ပစ်နိုင်စွမ်းအားရှိတဲ့ စာအုပ်ပေါ့။
လူရယ်လို့ဖြစ်လာရင် လူသားတွေရဲ့သမိုင်းဟာ သိကိုသိထားရမယ်ဗျ။ ဒါကြောင့်ခင်ဗျားတို့အနေနဲ့ နံပါတ်1အနေနဲ့ဖတ်ရမဲ့စာအုပ်လို့တောင် ပြောချင်တယ်။ ကမ်ဘာမြေဟာကျ​နော်တို့ဟိုမိုဆေပီယန်စ် လူသားတွေအတွက်သီးသန့်ဖန်တီးထားတာမျိုးမဟုတ်ပဲ တစ်ခြားသောလူသားမျိူးစိတ် တစ်ခြားသောတိရစ်ဆာန်မျိုးစိတ်တွေနဲ့ အားပြိုင်ရင်း ယနေ့ခေတ်မှာကျနော်တို့ဟိုမိုဆေပီယန်စ်လူသားတွေဟာအရှင်သခင်ဖြစ်လာခဲ့ပါတယ်။ ကျနော်တို့တွေဟာ ဘယ်လိုမျိုးအစာကွင်းဆက်ရဲ့ထိတ်ဆုံးမှာရောက်ရှိလာခဲ့တယ်ဆိုတာကိုဖတ်ကြည့်ရင်း တစ်ချို့သောဘာသာရေးဂျင်းများ တစ်ချို့သောအတွေးခေါ်များကို ကျော်လွန်နိုင်ကြပါစေဗျာ.........။
#ဆေပီယန်စ်
#ညီနောင်(Humber)

image