❝ BUDDHA'S DIET ❞
ဒီစာအုပ်လေးက
အစားအသောက်နဲ့ ပတ်သက်တဲ့
အလေ့အထ တွေကို ဗုဒ္ဓရဲ့
အလယ်အလတ်ကျင့်စဉ်ကနေ
ချဉ်းကပ်ထားပါတယ်။ ဒါကိုပဲ
“ဗုဒ္ဓအလိုကျ စားသောက်နည်း” လို့
နာမည်ပေးလိုက်ပါတယ်။ ဒီနည်းလမ်းတွေက
ရှုပ်ရှုပ်ထွေးထွေးလည်း မဟုတ်ဘူး၊
ဈေးလည်း မကြီးဘူး။ ဟိုဂရု၊ ဒီဂရုတွေလည်း
ဝင်စရာ မလိုဘူး။ ဟိုဟာလေး ဝယ်စားပါဦး၊
ဒီဟာလေး ဝယ်သောက်ပါဦး ဆိုတာမျိုး
တွေလည်းရှိလာမှာ မဟုတ်ဘူး။
ရှုပ်ထွေး ပွေလီတဲ့ စားစရာ၊
သောက်စရာတွေကိုလည်း
ဝယ်စားခိုင်းမှာ မဟုတ်ပါဘူး။
ဗုဒ္ဓကိုယ်တော်တိုင် လိုက်နာကျင့်သုံးခဲ့တဲ့
စည်းကမ်းလေး အနည်းငယ်ကိုပဲ
လိုက်လုပ်ဖို့ လိုပါတယ်။ ဒီလို
လိုက်လုပ်ခြင်းအားဖြင့် ခင်ဗျားတို့ရဲ့
ကိုယ် အလေးချိန်တွေ အချိန်နဲ့အမျှ
ကျလာမှာ ဖြစ်တဲ့အပြင် အစားအသောက်
အကြောင်းပဲ (မတရားကြီး) တွေးမိနေတာမျိုး
တွေကိုလည်း ပျောက်သွား စေမှာ ဖြစ်ပါတယ် ။
