2 w - Translate

❝ ဘရုစ်လီ ❞
ဒီစာအုပ်က ကမ္ဘာကျော်သရုပ်ဆောင်၊
ကိုယ်ခံပညာရှင်၊ ဒဿနသမား
ဘရုစ်လီရဲ့ အတွေးအခေါ်တွေကို
သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက်
ဖော်ပြထားတဲ့ စာအုပ်ဖြစ်ပါတယ်။
ဒီစာအုပ်မှာပါဝင်တဲ့ အတွေးအခေါ်
ဒဿနတွေက ဘရုစ်လီရဲ့ မှတ်စုတွေ၊
အင်တာဗျုးတွေနဲ့ သူ့တပည့်တွေကို
သင်ကြားပေးခဲ့တာတွေကို စုစည်းထားတာပါ။
ဘ၀ကို ပြည့်ပြည့်၀၀နေနိုင်ဖို့၊
ရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့၊
အလုပ်ကို အာရုံစိုက်ပြီး လုပ်နိုင်ဖို့၊
စိတ်တည်ငြိမ်နိုင်ဖို့ စတဲ့ နည်းလမ်းတွေကို
ဖော်ပြထားရုံတင်မကဘဲ၊ သက်ဆိုင်ရာ
နယ်ပယ်မှာ အသုံးချနိုင်မယ့်
ဒဿနတွေကို အပြည့်အစုံ ဖော်ပြထားပါတယ်။
ဒီစာအုပ်က စာဖတ်သူရဲ့
အတွေးအခေါ်တွေကို ရင့်သန်စေမယ့်အပြင်၊
ဘ၀မှာ ရင်ဆိုင်ကြုံတွေ့ရမယ့် အခြေအနေ
အရပ်ရပ်အတွက်လည်း စိတ်ကို
ကြိုတင်ပြင်ဆင်ပေးနိုင်ပါလိမ့်မယ် ...
▪️စာညွှန်း - ပန်းဆက်လမ်း / မှ

image