❛ စာအုပ်လေးအုပ် ❜
ယန်းလျန်ခဲ၏စာအုပ်လေးအုပ်
(The Four Books) သည် တရုတ်ပြည်၏
မဟာခုန်ပျံကျော်လွှားရေး (Great Leap Forward) ကာလ (၁၉၅၈ - ၁၉၆၁) က ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို အခြေခံထားသည့်
ဝတ္ထုဖြစ်ပါသည်။ တရုတ်ပြည်တွင်
မဟာခုန်ပျံကျော်လွှားရေးကာလမတိုင်မီ
ပြည်သူများကို အာ ဏာပိုင်တို့အား
ဝေဖန်ခွင့်ပြုခဲ့သည့်ပန်းပေါင်းတစ်ရာလှုပ်ရှားမှု Hundred Flower Campaign ( ၁၉၅၆) နှင့်
လက်ယာဆန့်ကျင်ရေး လှုပ်ရှားမှု Anti-Righitist Campaign (၁၉၅၇) ပေါ်ပေါက်လာခဲ့ပြီးနောက်
ပြည်သူများကြား တွင်လည်း လက်ယာဝါဒီအဖြစ် အချင်းချင်း တံဆိပ်ကပ်မှုများကြောင့် ပြန်လည် ပညာပေးရေးစခန်းများသို့ ပို့ဆောင်ခံကြရသည်။ ၁၉၅၇ ခုနှစ်နိုဝင်ဘာလကုန် တွင် မော်စကိုမှ ပြန်လာသည့် မော်စီတုန်းက ဗဟိုကော်မတီအစည်းအဝေး ကျင်းပကာ တရုတ်ပြည်၏ စီးပွားရေးကို တွန်းနှိုးရန်အတွက် မဟာခုန်ပျံကျော် လွှားရေး အထွေထွေလမ်းစဉ်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်။ ယင်းပေါ်လစီအရ ငါးနှစ်အတွင်း ဗြိတိန်နိုင်ငံ၏ စီးပွားရေးကို ကျော်တက်မည်ဟု ကြွေးကြော်ခဲ့ သည်။ မဟာခုန်ပျံကျော်လွှားရေး၏ သေနင်္ဂဗျူဟာမှာ အရင်းအနှီးကို ဦးစား ပေး ရင်းနှီးမြှုပ်နှံသည့် နေရာတွင် အလုပ်ကို အစားထိုးရန်၊ အတတ်ပညာနှင့် စီးပွားရေးနေရာတွင် နိုင်ငံရေးကို အစားထိုးရန်နှင့် ကျွမ်းကျင်သူနှင့် ကျွမ်းကျင် လုပ်သားများနေရာတွင် စိတ်အားထက်သန်မှုကို အစားထိုးသည့် ပေါ်လစီဟု တချို့က ယူဆကြသည်။ ကွန်မြူနစ်အတွေးအခေါ်ကို အခြေခံသည့် ယင်း ပေါ်လစီအရ စက်မှုလုပ်ငန်းများ အလျင်အမြန် ဖွံ့ဖြိုးစေခြင်းနှင့် ဘုံလယ်ယာ မြေစနစ်များ ထူထောင်ခြင်း၊ ပြည်သူပိုင် သိမ်းပိုက်ခြင်းကို ဦးစားပေးလုပ် ဆောင်ခဲ့ကြသည့်အတွက် အကျိုးဆက်အဖြစ် လူဦးရေဆယ်သန်းခန့် အစာရေ စာငတ်မွတ်ကာ သေဆုံးခဲ့ရသည့် အငတ်ကပ်ဘေးကြီးအပါအဝင် ကွပ်မျက်ခံ ရမှု၊ မတရားအလုပ်ကြမ်းခိုင်းစေခံရမှုတို့ကြောင့် လူဦးရေ သန်း ၃၀ မှ ၄၅ ထိသေဆုံးခဲ့ကြရသည် ။
_ _ _ _ _ _ _ _ _ _ _
❛ စာအုပ်လေးအုပ် ❜
