2 w - Translate

တောင်တရုတ်ပင်လယ်အတွင်း တိုင်ဖွန်းမုန်တိုင်းဖြစ်နိုင်ပြီး ပြည်နယ်နှင့်တိုင်းအချိုတွင်မိုးများနိုင်
ဇွန်လ ၁၀ ရက်နေ့တွင် ECMWF, JMA နှင့် UKM model များမှ ကြိုတင်ခန့်မှန်းချက်အရ လေဖိအားနည်းရပ်ဝန်း(Tropical Depression-TD) 01W သည် တောင်တရုတ်ပင်လယ်အတွင်း အားပိုကောင်းလာပြီး တိုင်ဖွန်းမုန်တိုင်းဖြစ်လာနိုင်မယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ပြောဆိုထားပါတယ်။ “ဖြစ်နိုင်ချေ ၁၀၀% ရှိနေကြောင်းလဲ တွေ့ရပါတယ်။ 01W တိုင်ဖွန်းမုန်တိုင်အဆင့်ရောက်လာနိုင်သော်လည်း အနောက်ဘက် ဗီယက်နမ်၊ လာအို၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့ဘက်သို့ မုန်တိုင်းအကြွင်းအကျန်များရွေ့လျားဝင်ရောက်လာနိုင်ခြင်းမရှိပါ။ မုန်တိုင်းအရှိန်သက်ရောက်မှုသာရှိနိုင်ပါမယ်” လို့ ဦးဝင်းနိုင်က ပြောပါတယ်။

လေဖိအားနည်းရပ်ဝန်း TD-01W နဲ့ အားအလွန်ကောင်းလာတဲ့ မုတ်သုံလေတို့ရဲ့ အရှိန်သက်ရောက်မှုကြောင့် ရခိုင်ကမ်းရိုးတန်း၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းနဲ့ မွန်-တနင်္သာရီကမ်းရိုးတန်းဒေသတွေ ဧရာဝတီတိုင်း၊ နေပြည်တော်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်တွေမှာ မိုးအသင့်အတင့်ကနေ မိုးများနိုင်မှာဖြစ်ပြီး ၂၄ နာရီအတွင်း မိုးရေချိန် – ၂ လက်မခွဲနဲ့အထက် ရွာသွန်းနိုင်တယ်လို့ သိရပါတယ်။

သက်ဆိုင်ရာဒေသအလိုက်နေရာကွက်ပြီး မိုးသည်းထန်နိုင်တာကြောင့် စိုးရိမ်ရေမှတ်တွေအနီးထိရောက်ရှိနေပြီဖြစ်တဲ့ မြစ်ရေအခြေအနေတွေကို သတိပြုစောင့်ကြည့်ပြီး၊ မြစ်ကမ်းပါး/ချောင်းကမ်းပါးအနီး အနိမ့်ပိုင်းရပ်ကွက်နေပြည်သူတွေအနေနဲ့ ကြိုတင်ပြင်ဆင်ခြင်းတွေဆောင်ရွက်သင့်တယ်လို့လည်း အသိပေးထားပါတယ်။

image