ဩစတြေီးလျ စာသင်ကျောင်းမှာ ကျောင်းသားဟောင်းရဲ့ ပစ်ခတ်မှုကြောင့် လူ ၁၀ ယောက်သေဆုံး
ဂရက်ဇ် ဇွန်-၁၁-၂၀၂၅
ရတီ(VOM)
ဩစတြီးလျ နိုင်ငံ ဂရက်ဇ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်းပစ်ခတ်မှုအတွင်း လူ ၁၀ ယောက် သေဆုံးသွားပြီး ဒါဟာ မကြာသေးခင်ကာလအတွင်း အသေအပျောက်အများဆုံး ပစ်ခတ်မှုလို့ ရဲတပ် ဖွဲ့က ပြောပါတယ်။
ကျောင်းသားဟောင်းတယောက်ဖြစ်တဲ့ အသက် ၂၁ နှစ်အရွယ် သေနတ်သမားဟာ ပစ်ခတ်မှုကို ကျူးလွန်ပြီးနောက် များမကြာခင် ရေချိန်းခန်းထဲမှာ ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားတယ်လို့ တာဝန်ရှိသူတွေက အတည်ပြုပါတယ်။
ဒီပစ်ခတ်မှုဟာ ဂရက်ဇ်မြို့ရဲ့ အနောက်မြောက်ဘက်ရှိ အလယ်တန်းကျောင်းတခုမှာ ဖြစ်ပွားခဲ့တာပါ။ သေနတ်သမားရဲ့ တိုက်ခိုက်မှုကြောင့် လူကိုးယောက်သေဆုံးပြီး ၁၂ ယောက်ဒဏ်ရာရရှိခဲ့ကာ အချို့ကတော့ စိုးရိမ်စရာအခြေအနေရှိတယ်လို့ ပြည်ထဲရေးဝန်ကြီးက ဆိုပါယ်။
ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဩစတြီးလျမှာ သုံးရက်ကြာ ဝမ်းနည်းခြင်းကြေညာထားပြီး ဇွန် ၁၁ ရက် နံနက် ဒေသစံတော်ချိန် ၁၀ နာရီမှာတော့ ထိခိုက်သေဆုံးသူတွေအတွက် တနိုင်ငံလုံးအတိုင်းအတာနဲ့ တမိနစ်ငြိမ်သက် ဆုတောင်းကြမှာဖြစ်ပါတယ်။
တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်းကိုတော့ နောက်ထပ်ထုတ်ပြန်ချက်မရမခြင်း ပိတ်ထားမှာဖြစ်ပါတယ်။ တိုက်ခိုက်မှုကြောင့် အမျိုးသားခြောက်ယောက်နဲ့ အမျိုးသမီး သုံးယောက်သေဆုံးခဲ့ကာ စတုတ္ထမြောက်အမျိုးသမီး တယောက်ကတော့ ဆေးရုံမှာ သေဆုံးသွားတယ်လို့ ဒေသတွင်း သတင်းဌာနတွေက ဆိုပါတယ်။
လတ်တလောသတင်းတွေအရ သေနတ်သမားဟာ တိုက်ခို်ကရာမှာ အသုံးပြုတဲ့ သေနတ်နှစ်လက်ကို တရားဝင်လိုင်စင်နဲ့ ပိုင်ဆိုင်ထားတာဖြစ်ပြီး ပစ်ခတ်မှုရဲ့ ရည်ရွယ်ချက်ကိုစုံစမ်းစစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Ref:BBC
