နေရှင်းလိဂ်ဖိုင်နယ်လည်းပြီးရော နော်ရယ်ဒိုက မီဒီယာတွေနဲ့ စကားပြောနေတယ်။ ဒီအချိန်မှာ ဘရူနို က နေရှင်းလိဂ်ဖလားကိုသယ်လာပြီးတော့ ရော်နယ်ဒိုဆီကို ရောက်လာခဲ့တယ်။ ပြီးတာနဲ့ ဘေးနားမှပဲ ဖလားကို တင်ပေးပြီးထွက်သွားတယ်။
ဘရူနိုဟာ ဘာတစ်ခွန်းမှဝင်မပြောခဲ့သလို ရော်နယ်ဒိုကလည်း ဘရူနို ဘာကြောင့် ဒီလိုလုပ်လဲဆိုတာကို ချက်ချင်းသဘောပေါက်ခဲ့ပြီး မီဒီယာတွေကို ဆုဖလားပြပြီးတော့ ဆက်ပြီးတော့ စကားပြေတယ်။ ဘရူနိုကလည်း တိတ်တိတ်လေးထွက်သွားတယ်။
ဗီဒီယိုကို ကြည့်ပြီးသားသူဆိုရင် ဒီအခိုက်အတန့်က ဘယ်လောက်အထိ ကြည်နူးနွေးထွေးရလဲဆိုတာ ခံစားမြင်နိုင်ပြီးဖြစ်မှာပါ။ နိုင်ငံရဲ့ဂန္တဝင်ကစားသမားကြီးအပေါ် လေးစားမှုကို ပြသနေတဲ့ အခိုက်အတန့် တစ်ခုပါပဲ။
