2 w - Translate

#ပြည်တွင်းသတင်း
◼ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်း၌ ငလျင်လှုပ်ခတ်မှု နှစ်ကြိမ်ဖြစ်
ယနေ့(ဇွန် ၁၀ ရက်)နံနက်ပိုင်းတွင် မန္တလေးတိုင်း၌ ငလျင်လှုပ်ခတ်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
ယနေ့ နံနက် ၃ နာရီ ၃၁ မိနစ် ၂၅ စက္ကန့်တွင်မန္တလေးတိုင်း၊ နွားထိုးကြီးမြို့၏ အရှေ့မြောက်ဘက်သုံးမိုင်ခန့် အနက် ၁၅ ကီလိုမီတာကိုဗဟိုပြု၍အင်အားရစ်ခ်တာစကေး ၄ ဒသမ ၁ အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့သည်။
နံနက် ၆ နာရီ ၁၂ မိနစ် ၅၀ စက္ကန့်တွင်လည်း မန္တလေးတိုင်း၊မတ္တရာမြို့၏ တောင်-အနောက်တောင်ဘက် ရှစ်မိုင်ခန့် အနက် ၁၂ ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်ခ်တာစကေး ၃ ဒသမ ၂ အဆင့်ရှိငလျင်တို့ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့်အင်အားရစ်ခ်တာစကေ ၇ ဒသမ ၇ အဆင့်ရှိ ငလျင်အပါအဝင် နောက်ဆက်တွဲငလျင်လှုပ်ခတ်မှု စုစုပေါင်း ၁၈၉ ကြိမ်ရှိပြီဖြစ်သည်။
သတင်း-အင်ကြင်း