ထိုင်းရုပ်ရှင်တစ်ခု ရုံမှာတင်တုန်းကတည်းက သွားကြည့်တဲ့သူတော်တော်များများ ကြည့်နေရင်းကို မျက်ရည်တွေကျလာစေတဲ့ ရုပ်ရှင်တစ်ခုဆိုပြီး တော်တော်များများကြိုက်ခဲ့ကြပါတယ်။အဲ့ရုပ်ရှင်လေးကို ဒီနေ့အတွက် ပြောပြချင်ပါတယ်။
ဇာတ်လမ်းလေးကတော့ M ဆိုတဲ့ကောင်လေးနဲ့ စတင်ထားပါတယ်။ယောကျာ်းလေးလည်းဖြစ် ခုခေတ်လူငယ်တစ်ယောက်ဆိုတော့ ဂိမ်းလေးဆော့ပြီး အရာရာကို ဘာမှသိပ်စဉ်းစားမနေဘဲ ပေါ့ပျက်ပျက်နေတဲ့ ကောင်လေးတစ်ယောက်ပေါ့။ဒီလိုနဲ့ သူ့သူငယ်ချင်းတစ်ယောက် အမွေရတာကို မြင်ပြီး M လည်း အားကျသွားပါတယ်။အဲ့တာကြောင့်ပဲ M ကလည်း သူ့အဖွားကိုပြုစုဖို့ သွားပါတော့တယ်။အကြောင်းကတော့ သူ့အဘွားက ကင်ဆာနောက်ဆုံး အဆင့်ကိုခံစားနေရပြီး သူသာ ပြုဆုပေးမယ်ဆိုရင် သူ့ကိုအမွေတွေပေးခဲ့မယ်လို့တွေးမိလို့ပါ။ဒီလိုနဲ့ပဲ လူ့လောကကြီးမှာ အချိန်အကြာကြီး နေလာခဲ့တဲ့ အဘွား နှင့် အခုမှ လူ့လောကကြီးကို ဖြူသလားမဲသမလားမသိဘဲ ခြေစလှမ်းမယ့် မြေးတို့ရဲ့ အတွေးအမြင်တွေက ဘယ်လိုတွေရှိနေနိုင်မလဲ... ကိုယ်သေဆုံးမယ့်နေ့ကို သိရက်နဲ့နေရတဲ့သူတစ်ယောက်အတွက်လည်း သူလုပ်ချင်တဲ့ နောက်ဆုံးဆန္ဒက ဘာများဖြစ်မလဲ... မြေးနဲ့အဘွားကြားက ပြောမပြတတ်အောင် လှပလွန်းတဲ့ မေတ္တာတရားတွေ လူ့လောကရဲ့ လက်ခံရမယ့်အချက်တွေ မိသားစုအကြောင်းတွေ ဒါတွေကိုကြည့်ရင်း ကျွန်တော်တို့ကိုပါ ဘ၀ရဲ့ အနှစ်သာရကို မှန်တစ်ချပ်လို ပြသသွားမှာဖြစ်ပါတယ်။ကိုယ်တိုင်ကလည်း အဘွားနဲ့အချိန်ကုန်ဆုံးခဲ့ဖူးတဲ့သူဆိုရင်တော့ မျက်ရည်တွေထိန်းဖို့ တစ်ရှုးဗူးလေးတစ်ခုတော့ လိုမယ်ထင်ပါတယ်။အဲ့တာကြောင့် 2024 ထွက် "How To Make Millions Before Grandma Dies " ရုပ်ရှင်ကိုကြည့်ရှုခံစားကြဖို့ တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။
