1 w - Translate

iOS 26 ကို Update တင်နိုင်မယ့် iPhone တွေပါ -
.
iPhone 11 | iPhone SE 2nd Gen ကနေစပြီး iOS 26 ကို Update တင်လို့ရမှာဆိုတော့ လွန်ခဲ့တဲ့ ၆ နှစ်က iPhone တွေအထိ Latest Update တင်လို့ရမယ်။
ဘယ်အချိန်မှာ iOS 26 Update တင်နိုင်မလဲဆိုတော့ -
- Developer Beta ကို ဒီနေ့ကစပြီး တင်လို့ရမယ်
- Public Beta ကို လာမယ့် ဇူလိုင်လ မှာ စပြီး တင်လို့ရပါမယ်
- Stable iOS 26 Update ကတော့ iPhone 17 Series ထွက်တဲ့ စက်တင်ဘာလမှ ထွက်မှာဖြစ်ပါတယ်။
အခု Developer Beta ထွက်လို့ ဘယ်လိုတင်လို့ရတယ်ဆိုတဲ့ Post တွေ တွေ့ရင်လည်း ကိုယ့်မှာ iPhone တစ်လုံးပဲ သုံးနေရတယ်၊ Data တွေ အရေးကြီးတဲ့ တစ်ခုတည်းသော Primary ဖုန်းဖြစ်နေရင် လိုက်မတင်ပါနဲ့။​ Stable ဖြစ်မှာလည်း မဟုတ်သလို Data ပျက်နိုင်တာတွေ၊​ Feature တွေက ကြေညာသွားတာအကုန်ပါဦးမှာလည်း မဟုတ်ပါဘူး။​
အရမ်း သူများထက် စောပြီး တင်ချင်တယ်ဆိုရင် ဇူလိုင်လမှ Public Beta စောင့်ကြည့်ပါ။
အကောင်းဆုံးကတော့ တစ်ခုခုဖြစ်လို့လည်း အဆင်ပြေတယ်၊ ကိုယ့်ဘာသာ ပြန်ပြီး Recover မလုပ်နိုင်ရင် Developer Beta ကတော့ မတင်ဖို့ပဲ အကြံပြုပါတယ် -

image